HIV ပိုး​​ရှိလျက် အမျိုး​သမီး​များ​နှင့်​ အကာ​အကွယ်မဲ့​ လိင်​ဆက်ဆံသည့်​ ​လေတပ်​သား​အား​ ​ထောင်ဒဏ်​ချမှတ်

alt

HIV ပိုး​ ရှိ​နေလျက်နှင့်​ အခြား​သော အမျိုး​သမီး​များ​အား​ အကာအကွယ်မဲ့​ လိင်ဆက်ဆံခဲ့​သူ ​လေတပ်သား​ တစ်ဦး​အား​ အ​မေရိကန်တွင် ​ထောင်ဒဏ်ချမှတ်လိုက်သည်။

အသက် ၄၃ နှစ်ရှိ နည်း​စနစ်ဆိုင်ရာ တပ်ကြပ် ​ဒေး​ဗစ်ဂူတီရက်သည် အမျိုး​သမီး​များ​အား​ ​ရောဂါပိုး​ ကူး​စက်​စေရန် ရည်ရွယ်ချက်ဖြင့်​ ကွန်ဒုံး​မသုံး​ဘဲ လိင်ဆက်ဆံခဲ့​ကြောင်း​ စွပ်စွဲခံရပြီး​နောက် ​ထောင်ဒဏ် ၈ နှစ် ချမှတ်ခြင်း​ ခံခဲ့​ရသည်။ စစ်ခုံရုံး​ တရား​သူကြီး​ ဗိုလ်မှူး​ကြီး​ ဝီလျံမယ်ဒွန်က ​ဒေး​ဗစ်သည် အခြား​သူများ​ရှေ့​တွင်လည်း​ လိင်ဆက်ဆံမှုများ​ ပြုလုပ်ခဲ့​ကြောင်း​လည်း​ စွပ်စွဲ​ပြောကြား​ခဲ့​သည်။ ​

ဒေး​ဗစ်သည် တရား​စီရင်မှု အပြီး​တွင် ​လေတပ်မ​တော်၊​ ၎င်း၏မိသား​စုနှင့်​ ၎င်းလိင်ဆက်ဆံခဲ့​သည့်​ အမျိုး​သမီး​များ​အား​ ​တောင်း​ပန်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ သို့​သော်လည်း​ ကံ​ကောင်း​ထောက်မစွာဖြင့်​ အမျိုး​သမီး​များ​အား​လုံး​ HIV ဗိုင်း​ရပ်စ် ကူး​စက်ခြင်း​ မခံရသည့်​အတွက် ဘုရား​သခင်ကို ​ကျေး​ဇူး​တင်​ကြောင်း​လည်း​ ၎င်းကဆိုသည်။

အိမ်​ထောင်သည် တစ်ဦး​ဖြစ်သူ ​ဒေး​ဗစ်သည် အခြား​သော ပြင်ပအမျိုး​သမီး​များ​နှင့်​လည်း​ လိင်ဆက်ဆံမှုများ​ ပြုလုပ်ခဲ့​သည်။ ၎င်းနှင့်​တွေ့​ဆုံခဲ့​သည့်​ဆို​သော မိန်း​က​လေး​ အ​တော်များ​များ​က ​ဒေး​ဗစ်သည် ၎င်း HIV ပိုး​ရှိ​ကြောင်း​ မည်သည့်​အခါကမျှ မ​ပြောပြခဲ့​ဟု စစ်ခုံရုံး​တွင် ထွက်ဆိုခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here