ဗြိတိန်တွင် ခိုး​မှုများ​ သိသာစွာမြင့်​တက်လာ

alt

ဗြိတိန်နိုင်ငံတွင် ခိုး​မှုပမာဏသည် သိသိသာသာ မြင့်​တက်လာ​နေ​ကြောင်း​ တရား​ဝင် ထုတ်ပြန်​သော အစီရင်ခံစာများ​အရ သိရသည်။ နှစ်စဉ် အိမ်​ပေါင်း​ ရ၁၀၀၀၀ မျှ ပုံမှန်​ဖောက်ထွင်း​ ခံ​နေရပြီး​ တစ်မိနစ်လျင် တစ်ကြိမ်နှုန်း​ထက်ပင် ပိုများ​ကြောင်း​ ဗြိတိသျှ ရာဇဝတ်မှု စစ်တမ်း​က ​ဖော်ပြထား​သည်။

အ​သေး​အမွှား​ ခိုး​ယူမှုများ​မှာ ၁၆ ရာခိုင်နှုန်း​မျှ တက်လာသလို ရဲတပ်ဖွဲ့​ထံ တိုင်ကြား​ခဲ့​သော ခိုး​မှုအ​ရေအတွက်သည် ယမန်နှစ်ကထက် ၉ ရာခိုင်နှုန်း​ ပိုများ​လာခဲ့​သည်။ သို့​သော်လည်း​ ရာဇဝတ်မှု အား​လုံး​၏ စုစု​ပေါင်း​ အ​ရေအတွက်မှာမူ ကျဆင်း​သွား​ခဲ့​သည်။ စုစု​ပေါင်း​ အမှုအခင်း​ အ​ရေအတွက်သည် ၉.၄ သန်း​မျှသာရှိ​တော့​ပြီး​ ယခင် ၁၂ လထက် ၅ ရာခိုင်နှုန်း​ ​လျော့​ကျသွား​ခြင်း​ဖြစ်သည်။ သူတစ်ပါး​အား​ ထိခိုက်နာကျင်​အောင် တိုက်ခိုက်မှုများ​သည် ၅ ရာခိုင်နှုန်း​ ​လျော့​ကျသွား​ခဲ့​ပြီး​ ခါး​ပိုက်နှိုက်မှုလည်း​ ၁၈ ရာခိုင်နှုန်း​ ​လျော့​နည်း​သွား​သည်။

အများ​ပိုင် ပစ္စည်း​များ​ကို လက်​လျှော့​ဖျက်ဆီး​မှုသည်လည်း​ ရ ရာခိုင်နှုန်း​၊​ ကား​ခိုး​မှုများ​သည် ၁၅ ရာခိုင်နှုန်း​ ပိုမိုနည်း​ပါး​လာခံသည်။ ဗြိတိသျှ ရာဇဝတ်မှု စစ်တမ်း​ဌာနက ​နေအိမ်​ဖောက်ထွင်း​ ခိုး​ယူမှုများ​ တိုး​ပွား​လာ​ကြောင်း​ ​ဖော်ပြထား​သော်လည်း​ ဗြိတိသျှ ရဲဌာနကမူ ​ဖောက်ထွင်း​ခံရမှုသည် ၁၂ လအတွင်း​ ၈ ရာခိုင်နှုန်း​ ကျဆင်း​ခဲ့​ကြောင်း​ ​ပြောကြား​သွား​သည်။

ပြည်ထဲ​ရေး​ ဝန်ကြီး​ဖြစ်သူ သီ​ရေဆာ​မေက လွတ်လပ်​သော စစ်တမ်း​ကောက်ခံမှုများ​က နိုင်ငံအတွင်း​ တရား​ဥပ​ဒေ စိုး​မိုး​မှု ပိုမို​ကောင်း​မွန်လာသည်ကို ညွှန်ပြ​နေ​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here