လူ့​အရိုး​ပြာများ​အား​ ကိုကင်း​​အမှတ်ဖြင့်​ ခိုး​ယူ

alt

အ​မေရိကန်နိုင်ငံတွင် သူခိုး​များ​သည် ကွယ်လွန်သူ တစ်ဦး​၏ အရိုး​ပြာများ​ကို ကိုကင်း​အမှတ်ဖြင့်​ ခိုး​ယူသွား​ကြောင်း​ သိရသည်။ ဖ​လော်ရီဒါ ရဲတပ်ဖွဲ့​က ဆီး​ဗား​စပရင်း​ရှောရှိ အမျိုး​သမီး​တစ်ဦး​၏ ​နေအိမ်မှ အဆိုပါ အရိုး​ပြာများ​ကို ဒီဇင်ဘာ ၁၅ ရက်​နေ့​က ခိုး​သွား​ခြင်း​ဟုဆိုသည်။

အမျိုး​သမီး​သည် အိုး​တစ်လုံး​တွင် သူမ၏ ဖခင်အရိုး​ပြာများ​ ထည့်​ထား​သလို ကျန်နှစ်အိုး​တွင် သူမ​​မွေး​ခဲ့​သည့်​ ဂရိတ်ဒိန်း​ခွေး​များ​၏ အရိုး​ပြာများ​ကို ထည့်​ထား​ခြင်း​​ဖြစ်သည်။ ယင်း​အိုး​များ​တွင် ​ကျောက်မျက်​ရတနာ​အချို့​ စီခြယ်​ထား​သလို အီလက်ထ​ရောနစ် အချက်​ပေး​ ကိရိယာများ​လည်း​ တပ်ဆင်​ထား​သည်။ ရဲများ​က တသီး​တသန့်​ ထား​ရှိ​သော အိုး​များ​​ထဲရှိ ပြာမှုန်များ​ကို အမျိုး​အစား​ ​ကောင်း​မွန်​သော ဟီရိုး​အင်း​ ကိုကင်း​​အဖြစ် သူခိုး​များ​က ယူဆ​ခဲ့​ဖွယ်ရှိ​ကြောင်း​ ​ပြောကြား​​ခဲ့​သည်။

သို့​သော်လည်း​ သူခိုး​များ​အ​နေနှင့်​ ယင်း​မှာ ပြာများ​ဖြစ်​ကြောင်း​ သိရှိပါက ပိုင်ရှင်ထံ ပြန်ပို့​ဖွယ် မရှိဟုလည်း​ ရဲများ​က ယူဆ​ထား​သည်။ ထိုပြာများ​ကို နီး​စပ်ရာ ​ရေကန်ထဲတွင်သာ လွှင့်​ပစ်မည်ထင်​ကြောင်း​၊​ ယင်း​ပြာများ​ပေါ်တွင် လက်​ဗေရာ ထင်ကျန်မည်ကို သူခိုး​များ​​အ​နေနှင့်​ စိုး​ရိမ်မည်ထင်​ကြောင်း​ ရဲတပ်ဖွဲကက ​ပြောကြား​ခဲ့​သည်။ ယင်း​အတွက် ဖ​လော်ရီဒါ ရဲတပ်ဖွဲ့​သည် ပြစ်မှုမှတ်တမ်း​ဟောင်း​ရှိသူ အချို့​ကို စစ်​ဆေး​နေပြီး​ ပြာအိုး​များ​ကိုလည်း​ လိုက်လံရှာ​ဖွေ​နေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here