ဘရာဇီး​တွင် ​ရေကြီး​မှု​ကြောင့်​ ​သေဆုံး​သူ​အ​ရေအတွက် ၁၀၀၀ နီး​ပါး​​ထိ​မြင့်​တက်

alt

ဘရာဇီး​နိုင်ငံတွင် ​ရေကြီး​မှုများ​ကြောင့်​ ​သေဆုံး​သူ အ​ရေ​အတွက်သည် ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်ထိ ၁၀၀၀ ဝန်း​ကျင်သို့​ မြင့်​တက်လာ​ကြောင်း​ အာဏာပိုင်များ​က ​ပြောကြား​ခဲ့​သည်။

ဆိုး​ဆိုး​ရွား​ရွား​ ​ရေကြီး​မှုများ​ကြောင့်​ အနည်း​ဆုံး​ ရ၃၀ ​ကျော် ​သေဆုံး​ကြောင်း​ အတည်ပြု ​ကြေညာထား​ပြီး​ ၂၀၇ ဦး​ထက်မနည်း​ ​ပျောက်ဆုံး​နေဆဲဖြစ်သည်။ ရီယိုဒီ ဂျ​နေရိုမြို့​နှင့်​ အနီး​တဝိုက်တွင် ကယ်ဆယ်​ရေး​ လုပ်ငန်း​များ​ ​ဆောင်ရွက်ရန် စီစဉ်​​နေဆဲဖြစ်ပြီး​ ​ပျောက်ဆုံး​နေသူများ​ကို လိုက်လံ​ရှာ​ဖွေလျက်ရှိသည်။ နိုင်ငံ​​တောင်ပိုင်း​တွင် မိုး​သည်း​ထန်စွာ ဆက်လက်​ရွာသွန်း​​နေဆဲဖြစ်ရာ ​နောက်ထပ်​​ရေလွှမ်း​​မိုး​မှုများ​ ဖြစ်​ပေါ်လာနိုင်​ကြောင်း​ တာဝန်ရှိသူများ​က သတိ​ပေး​ထား​သည်။

လက်ရှိတွင် ​ရေ​ဘေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာတို့​သည် ရွက်ဖျင်တဲများ​ဖြင့်​ ​နေထိုင်လျက်ရှိသည်။ ​ဆော်​ပေါ်လိုမြို့​တွင်လည်း​ မိုး​သည်း​ထန်ပြီး​ လမ်း​ချော်မှုများ​ကြောင့်​ အ​သေအ​ပျောက်များ​ ရှိခဲ့​ကြောင်း​ သိရသည်။ ယခုကဲ့​သို့​ ရာသီတွင် ဘရာဇီး​နိုင်ငံ​အတွင်း​ ​ရေကြီး​ရေလျှံမှုများ​ ဖြစ်​ပေါ်ခြင်း​သည် နှစ်စဉ်နှစ်တိုင်း​လိုလို ​ပေါ်​ပေါက်​လေ့​ရှိရာ ယမန်နှစ်ကလည်း​ ​ရေကြီး​မှုများ​ကြောင့်​ လူ​ပေါင်း​ရာဂဏန်း​မျှ ဖိတ်စင်ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here