ကျောင်း​စာများ​ကို ကွန်ပျူတာ​​ကီး​ဘုတ်ဖြင့်​ ရိုက်နှိပ်​​​မှတ်သား​ခြင်း​​ထက် ကိုယ်တိ်ုင်​ရေး​​​မှတ်ခြင်း​က ပိုမို​​အကျိုး​ရှိ

alt

ဒီဂျစ်တယ်နည်း​ပညာ ထွန်း​ကား​လာ​သော​ခေတ်တွင် က​လေး​ငယ်များ​ ကွန်ပျူတာနှင့်​ ပိုမိုနီး​စပ်လာခြင်း​မှာ အထူး​အဆန်း​မဟုတ်​ချေ။ သို့​သော်လည်း​ သု​တေသန စစ်တမ်း​တစ်ခုက က​လေး​များ​​အ​နေနှင့်​ ၎င်းတို့​၏ ​

ကျောင်း​စာများ​ကို ကွန်ပျူတာ ကီး​ဘုတ်တွင် ရိုက်နှိပ်​မှတ်သား​မှုထက် ကိုယ်တိုင်​လက်​ရေး​ဖြင့်​ ​ရေး​သား​ခြင်း​က ပိုမို​အကျိုး​ရှိ​ကြောင်း​ သုံး​သပ်​​ဖော်ပြခဲ့​သည်။ ​ဘောပင်၊​ ခဲတံတို့​ကို အသုံး​ပြုကာ လက်ဖြင့်​​ရေး​သား​ခြင်း​သည် ဦး​နှောက် Sensorimotor​ ခေါ် အာရုံခံ​​မောင်း​နှင်အား​ကို ပိုမိုတိုး​ပွား​စေ​ကြောင်း​ သု​တေသီများ​က​ဆိုသည်။

ယင်း​သည် ​ကျောင်း​စာများ​ကို ပိုမို​မှတ်မိ​စေသည်။ ကီး​ဘုတ်ဖြင့်​ စာရိုက်ခြင်း​ကမူ ဦး​နှောက်တွင် အထိုက်​အ​လျောက် လှံု့​ဆော်မှုမျိုး​ ရှိနိုင်​သော်လည်း​ လက်​ရေး​ဖြင့်​ ​ရေး​သား​​မှတ်သား​ခြင်း​လောက် အား​မ​ကောင်း​ဟု ​နော်​ဝေ​နိုင်ငံ စတာဗန်ဂျာ တက္ကသိုလ်မှ ပ​ရော်ဖက်ဆာ အန်နီမန်ဂျန်နှင့်​ အခြား​ ပညာရှင်များ​က ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။ အန်နီ၏ လုပ်​ဖော်ကိုင်ဖက် တစ်ဦး​ဖြစ်သူ ပြင်သစ်နိုင်ငံ မာ​ဆေး​တက္ကသိုလ်မှ ပါ​မောက္ခ ဂျင်း​လက်ဗာလီက လက်​ရေး​ဖြင့်​ ကိုယ်တိုင်​ရေး​မှတ်ခြင်း​သည် စာလုံး​များ​ကို ပိုမိုမှတ်မိလွယ်​စေ​ကြောင်း​၊​ မိမိတို့​သည် က​လေး​များ​အား​ ​ကျောင်း​သင်ခန်း​စာ တစ်မျိုး​တည်း​ကို ကီး​ဘုတ်​ရော၊​ လက်​ရေး​ပါ အသုံး​ပြု မှတ်သား​စေပြီး​ မည်မျှထိ ပြန်လည်အမှတ်ရသည်ကို စစ်​ဆေး​ခဲ့​ကြောင်း​ ရှင်း​ပြခဲ့​သည်။ ​

လေ့​လာမှုများ​အရ ကီး​ဘုတ် အသုံး​ပြုခဲ့​သူ အများ​စုထက် လက်​ရေး​ဖြင့်​ ကိုယ်တိုင်​ရေး​မှတ်ခဲ့​သော က​လေး​အများ​စုသည် ၎င်းတို့​မှတ်သား​ထား​သော အ​ကြောင်း​အရာများ​ကို ပိုမိုသတိရ​လေ့​ရှိ​ကြောင်း​လည်း​ ဗာလီက ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here