ဗြိတိန်နိုင်ငံ လန်ဒန်မြို့​တော်တွင် ​ပြောင်း​ရွှေ့​​အ​ခြေချသူများ​ များ​ပြား​လာ

alt

ဗြိတိန်နိုင်ငံ၏ မြို့​တော်ဖြစ်​သော လန်ဒန်သည် နိုင်ငံတကာမှ ​ပြောင်း​ရွှေ့​အ​ခြေချသူများ​ စုရုံး​နေထိုင်ရာ မြို့​ကြီး​တစ်ခုအဖြစ် တစထက်တစ ကူး​ပြောင်း​လာ​နေ​ကြောင်း​ တရား​ဝင် ​ကြေညာသည့်​ အချက်အလက်များ​အရ သိရသည်။

တိုနီဘလဲ ဝန်ကြီး​ချုပ်တာဝန် ယူစဉ်ကတည်း​က ဗြိတိန်သို့​ နိုင်ငံရပ်ခြား​မှ အ​ခြေချ ​နေထိုင်မှုများ​ တိုး​ပွား​လာခဲ့​ရာ ယခုအခါ လန်ဒန်လူဦး​ရေ ၃ ပုံ ၁ ပုံမျှသည် ပြည်ပနိုင်ငံများ​တွင် ​မွေး​ဖွား​ခဲ့​သူများ​ ဖြစ်​နေ​ကြောင်း​ အမျိုး​သား​ စာရင်း​အချက်အလက်ရုံး​က ထုတ်ပြန်ခဲ့​သော မှတ်တမ်း​များ​တွင် ​ဖော်ပြပါရှိသည်။ ၃၄ ရာခိုင်နှုန်း​မျှ​သော မြို့​နေလူထုသည် ဗြိတိန်တွင် ​မွေး​ဖွား​ခဲ့​သူများ​ မဟုတ်ဟုဆိုသည်။

၂၀၀၀ ပြည့်​နှစ်က လန်ဒန်ရှိ လူ ၆ ဦး​လျင် ၁ ဦး​သာ နိုင်ငံရပ်ခြား​တွင် ​မွေး​ဖွား​ခဲ့​သူများ​ဖြစ်ရာ ၁၀ နှစ်အတွင်း​ နှစ်ဆတိုး​လာခြင်း​ဖြစ်သည်။ အချို့​ကလည်း​ ဗြိတိသျှ မိဘနှစ်ပါး​ နိုင်ငံရပ်ခြား​ ​ရောက်ရှိပြီး​နောက် ဗြိတိန်သို့​ ပြန်​ရောက်လာသည့်​ ဗြိတိသျှလူမျိုး​များ​ ဖြစ်​နေ​ကြောင်း​လည်း​ သိရသည်။ စစ်တမ်း​က နိုင်ငံရပ်ခြား​မှ လာ​ရောက်အ​ခြေချသူ ထက်ဝက်မျှသည် ယခုအခါ အိမ်​ထောင်ရက်သား​ ကျ​နေ​ကြောင်း​ ​ဖော်ပြထား​သည်။

ဗြိတိန်တွင် ​မွေး​ဖွား​ခဲ့​သူ ၄၀ ရာခိုင်နှုန်း​မျှသာ အိမ်​ထောင်သည်များ​ ဖြစ်​နေသည်။ ထို့​အပြင် နိုင်ငံခြား​တွင် ​မွေး​ဖွား​ခဲ့​သူများ​သည် အလုပ်အကိုင်​နေရာ ၃ ခုတွင် ၂ ခုကို ရယူထား​ကြောင်း​လည်း​ စစ်တမ်း​များ​က ညွှန်ပြလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here