ရှေး​ခေတ်လူတို့​ ​ခွေး​သား​စား​ခဲ့​ကြောင်း​ အ​ထောက်အထား​များ​တွေ့​ရှိ

alt

ခွေး​များ​သည် လူသား​များ​အတွက် အ​ကောင်း​ဆုံး​ အ​ဖော်မွန် တိရစ္ဆာန်များ​အဖြစ် သတ်မှတ်ထား​ခဲ့​သည်။ သို့​သော်လည်း​ လွန်ခဲ့​သည့်​ နှစ်​ပေါင်း​များ​စွာကမူ သနား​စရာ​ကောင်း​လှသည့်​ အဆိုပါ သတ္တဝါများ​သည်

လူသား​များ​အတွက် အစား​အ​သောက်အဖြစ်လည်း​ အသုံး​တော်ခံခဲ့​ရ​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည့်​ ရုပ်ကြွင်း​အချို့​အရ သိရှိလာရသည်။ အ​မေရိကန်နိုင်ငံ တက္ကဆက်​ဒေသတွင် ​တွေ့​ရှိခဲ့​သည့်​ လွန်ခဲ့​သော နှစ်​ပေါင်း​ ၉၄၀၀ ​ကျော်ခန့်​က လူသား​စွန့်​ပစ်ပစ္စည်း​များ​တွင် ​ခွေး​ရိုး​များ​ ပါရှိ​နေပြီး​ ယင်း​တို့​ကို သတ်ဖြတ်စား​သောက်ထား​ခြင်း​ဟု သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။

၁၉၇၀ ပြည့်​လွန်နှစ်များ​က တူး​ဖော်​တွေ့​ရှိခဲ့​သည့်​ အရိုး​စများ​ကို မူလက ဝံပု​လွေရိုး​များ​ဟု ထင်မှတ်ထား​ခဲ့​သော်လည်း​ ​နောက်ပိုင်း​တွင် ​ခွေး​တစ်​ကောင်၏ အရိုး​သာဖြစ်​ကြောင်း​ မိန်း​တက္ကသိုလ်မှ ဆမ်မြူရယ် ဘက်နပ်က ​ပြောကြား​ခဲ့​သည်။ DNA စစ်​ဆေး​မှုအရ အရိုး​စသည် ​ခွေး​ရိုး​ဖြစ်​ကြောင်း​ သိရှိလာရာ လူများ​သည် ​ခွေး​များ​ကို အစား​အ​သောက်အတွက် ​မွေး​မြူခဲ့​သည်ဟူ​သော ​တွေ့​ရှိချက်ကို ခိုင်မာ​စေခဲ့​သည်ဟု ဘက်နပ်ကဆိုသည်။ ယခုအချိန်ထိ ကိုရီး​ယား​ လူမျိုး​များ​သည် ​ခွေး​သား​ကို စား​သုံး​နေဆဲဖြစ်ရာ လွန်ခဲ့​သော နှစ်​ပေါင်း​ တစ်​သောင်း​ဝန်း​ကျင်က ​ခွေး​သား​စား​ခြင်း​သည် ဖြစ်နိုင်​ခြေရှိ​သော အလား​အလာတစ်ခုဟု ယင်း​က ရှင်း​ပြခဲ့​သည်။

​ခွေး​များ​သည် လူသား​များ​နှင့်​ နီး​နီး​စပ်စပ် ​နေထိုင်ခဲ့​ကြောင်း​ အ​စောဆုံး​ အ​ထောက်အထား​အဖြစ် ဘယ်ဂျီယမ်နိုင်ငံတွင် လွန်ခဲ့​သော နှစ်​ပေါင်း​ ၂၆၀၀၀ ​ကျော်က လူနှင့်​ခွေး​ ရုပ်ကြွင်း​များ​ကို ​တွေ့​ရှိထား​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here