ခုတ်​မောင်း​လာသည့်​ ရထား​​အောက်တွင် အိပ်ပြ​ခဲ့သည့်​ ဗီဒီယို YouTube တွင်​ရေပန်း​စား​

alt

အမည်မသိ လူတစ်ဦး​သည် ခုတ်​မောင်း​လာ​သော ရထား​အောက်တွင် အ​ပျော်သတ်သတ်အတွက် အိပ်ပြရင်း​ အစွမ်း​ပြခဲ့​သော ဗီဒီယိုသည် ယခုတ​လော YouTube ဝက်ဆိုက်တွင် ​ရေပန်း​စား​လျက်ရှိသည်။

ဗြိတိန်အ​ခြေစိုက် The Sun သတင်း​စာက မည်သည့်​နိုင်ငံကမှန်း​ မသိသည့်​ အဆိုပါ လူစွန့်​စား​၏ လုပ်ရပ်နှင့်​ ပတ်သက်၍ အ​သေး​စိတ် ​ရေး​သား​ဖော်ပြခဲ့​သည်။ ၅၆ စက္ကန့်​ကြာမြင့်​သော ဗီဒီယိုတွင် ဂျာကင်နှင့်​ အ​ရောင်ရင့်​ရင့်​ ​ဘောင်း​ဘီရှည်တို့​ ဝတ်ဆင်ထား​သော ယင်း​ပုဂ္ဂိုလ်သည် တ​ရွေ့​ရွေ့​ ​မောင်း​နှင်လာ​သော ရထား​ရှေ့​တွင် ဝပ်​နေသည်ကို ​တွေ့​ရသည်။ ရထား​သည် ၎င်း​ပေါ်မှ ဖြတ်သွား​ပြီး​သောအခါ ၎င်းသည် မိမိကိုယ်ကိုယ် ဒဏ်ရာရမရ ပြန်လည်စစ်​ဆေး​မှုများ​ ပြုလုပ်​နေသည်ကို ​တွေ့​ရသည်။ ​နောက်ပိုင်း​တွင် ၎င်းရိုက်ကူး​ထား​သော ​နေရာသည် ဗြိတိန်ရှိ ရထား​လမ်း​ တစ်ခု​ပေါ်တွင် ဖြစ်နိုင်​ကြောင်း​ သုံး​သပ်မှုများ​ ထွက်​ပေါ်လာခဲ့​ပြီး​ ဗြိတိန်ရထား​ပို့​ဆောင်​ရေး​ ဌာနက အလွန်ရူး​မိုက်ပြီး​ အဓိပ္ပါယ်မဲ့​သည့်​ လုပ်ရပ်အဖြစ် ပြစ်တင်​ဝေဖန်ခဲ့​သည်။

အသက် ၂၀ ဝန်း​ကျင်ရှိမည်ဟု ယူဆရ​သော ထိုသူ၏ စွန့်​စား​မှုနှင့်​ ပတ်သက်၍ YouTube ဝက်ဆိုက်တွင် ဗီဒီယို ကြည့်​ရှုခဲ့​သူ အများ​စုကလည်း​ အရူး​ထမှုသာဖြစ်​ကြောင်း​ မှတ်ချက်​ပေး​ခဲ့​ပြသည်။ တစ်ဦး​က အခန့်​မသင့်​ပါက ထိုသူသည် မိမိကိုယ်ကိုယ် မည်သို့​ဖြစ်သွား​မှန်း​ မသိလိုက်ခင်​လေး​တွင်ပင် အပိုင်း​ပိုင်း​ပြတ်သွား​နိုင်သည်ဟု မှတ်ချက်ပြု ​ရေး​သား​ထား​ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here