ခရစ်ယာန်ဘုရား​ကျောင်း​ ဗုံး​ခွဲမှုအတွက် ဂါဇာ​အ​ခြေစိုက်​အကြမ်း​ဖက်​အဖွဲ့​များ​ အီဂျစ်​စွပ်စွဲ

alt

နိုင်ငံအတွင်း​ရှိ ခရစ်ယာန် ဘာသာ​ရေး​ ဘုရား​ကျောင်း​ တစ်ခုအား​ ဗုံး​ခွဲမှုအတွက် ဂါဇာအ​ခြေစိုက် အကြမ်း​ဖက် အဖွဲ့​တစ်ခုအား​ အီဂျစ်နိုင်ငံက စွပ်စွဲလိုက်သည်။

နှစ်သစ်ကူး​ ကာလအတွင်း​က အလက်ဇန်း​ဒရီး​ယား​ မြို့​ရှိ ဘုရား​ကျောင်း​တစ်ခုတွင် ဗုံး​ကွဲခဲ့​ရာ လူ ၂၃ ဦး​ ​သေဆုံး​ခဲ့​သည်။ ယခုအခါ ဂါဇာတွင် အ​ခြေစိုက်ပြီး​ အယ်​ကေး​ဒါး​တို့​နှင့်​ ယှက်နွယ်​နေသည်ဟု ယူဆရသည့်​ ပါလက်စတိုင်း​ စစ်​သွေး​ကြွ အဖွဲ့​ငယ်တစ်ခုမှာ ယင်း​ဗုံး​ခွဲမှုကို ကြံစည်လုပ်​ဆောင်ခဲ့​ကြောင်း​ အီဂျစ်ပြည်ထဲ​ရေး​ဌာနက ​ပြောကြား​လိုက်သည်။ ဝန်ကြီး​ ဟာဘစ်အယ်အဒီက မွတ်ဆလင်တပ်မ​တော်ဟု အမည်​ပေး​ထား​သော အကြမ်း​ဖက် အဖွဲ့​အစည်း​သည် ဗုံး​ခွဲမှုနှင့်​ တိုက်ရိုက်ပတ်သက်​နေသည်ဟု အတည်ပြု ​ပြောဆိုသွား​သည်။

မွတ်ဆလင်တပ်မ​တော် အဖွဲ့​သည် ယခင်ကတည်း​က အကြမ်း​ဖက်မှုများ​တွင် ပါဝင်ပတ်သက်ခဲ့​ကြောင်း​၊​ နှစ်သစ်ကူး​ကာလ ဗုံး​ဖောက်ခွဲမှုတွင်လည်း​ ၎င်းတို့​စနက်မကင်း​ကြောင်း​ သက်​သေအ​ထောက်အထား​များ​ကို မိမိတို့​ ခိုင်လုံစွာ ရရှိခဲ့​ကြောင်း​ ဝန်ကြီး​ကဆိုသည်။ သို့​သော်လည်း​ မွတ်ဆလင်တပ်မ​တော်အဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ ပုဂ္ဂိုလ်က ဗုံး​ကွဲမှုတွင် မိမိတို့​ ပါဝင်ပတ်သက်မှု မရှိဟု ငြင်း​ဆိုခဲ့​သည်။

မည်သို့​ပင်ဖြစ်​စေ ထိုလုပ်ရပ်ကို စွမ်း​ဆောင်ပြသူကို မိမိတို့​အဖွဲ့​အ​နေနှင့်​ ချီး​ကျူး​ဂုဏ်ပြု​ကြောင်း​လည်း​ ၎င်းက ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here