နာမည်​ကျော် Hip Hop အဆို​တော် စနု​ဒေါ့​ထံမှ မူး​ယစ်​ဆေး​ဝါး​ ဝယ်ယူ​​သုံး​စွဲဖူး​သည့်​​ကင်မရွန်ဒီယက်

alt

ကင်မရွန်ဒီယက်က သူမသည် နာမည်​ကျော် Hip Hop အဆို​တော် စနု​ဒေါ့​ထံမှ မူး​ယစ်​ဆေး​ဝါး​ ဝယ်ယူသုံး​စွဲဖူး​ကြောင့်​ ဝန်ခံ​ပြောကြား​လိုက်သည်။ မကြာမီ ရုံတင်မည့်​ Bat Teacher ဇာတ်ကား​တွင် ​ဆေး​ခြောက်စွဲ​နေ​သော ​

ကျောင်း​ဆရာမ တစ်ဦး​အဖြစ် သရုပ်​ဆောင်ထား​သည့်​ ဒီယက်က Narcotic ​ခေါ် မူး​ယစ်ထိုင်း​မှိုင်း​စေသည့်​ ​ဆေး​ဝါး​တစ်မျိုး​အား​ စနု​ဒေါ့​နှင့်​ ​ကျောင်း​အတူတက်​နေစဉ် ငယ်ဘဝက ဝယ်ယူခဲ့​ဖူး​ကြောင်း​ ​ပြောဆိုသွား​သည်။ ဒီယက်က မိမိနှင့်​ စနု​ဒေါ့​တို့​သည် အထက်တန်း​ကျောင်း​တွင် အတူပညာသင်ခဲ့​ကြောင်း​၊​ သို့​သော် စနု​ဒေါ့​က မိမိထက် တစ်နှစ်ကြီး​ပြီး​ အရပ်ရှည်ရှည် ပိန်ပိန်ပါး​ပါး​နှင့်​ဖြစ်​ကြောင်း​၊​ ထိုစဉ်က Weed ဟု လူသိများ​သော အဆိုပါ ​ဆေး​ဝါး​ကို စနု​ဒေါ့​ထံမှ ဝယ်ယူစမ်း​သပ်ခဲ့​ကြောင်း​ အတည်ပြုခဲ့​သည်။

သူမသည် ထို​ဆေး​ကိုသုံး​ပြီး​ ​ယောက်ျား​လေး​များ​နှင့်​လည်း​ ရန်ဖြစ်ခဲ့​ကြောင်း​၊​ မိန်း​က​လေး​တစ်ဦး​ကိုလည်း​ လဲကျသွား​သည်အထိ တိုက်ခိုက်ခဲ့​ကြောင်း​ ဒီယက်ကဆိုသည်။ အသက် ၃၉ နှစ်ရှိ စနု​ဒေါ့​သည် မူး​ယစ်​ဆေး​ဝါး​နှင့်​ လက်နက်များ​ လက်ဝယ်​တွေ့​ရှိမှု ပုဒ်မ​ကြောင့်​ မကြာ​သေး​မီက ဗြိတိန်တွင် ပြည်ဝင်ခွင့်​ ပိတ်ပင်ခံထား​ရ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here