က​လေး​ငယ်အား​ ရင်ခွင်​ထဲ​ထည့်​​​အိပ်သဖြင့်​ ​သေဆုံး​

alt

က​လေး​ငယ်များ​ ရင်ခွင်အတွင်း​ထည့်​ပြီး​ အိပ်​လေ့​ရှိခြင်း​သည် အန္တရာယ်ဖြစ်နိုင်​သော အ​နေအထား​ တစ်ရပ်ဖြစ်​ကြောင်း​ စင်္ကာပူနိုင်ငံက ဖြစ်ရပ်တစ်ခုက သက်​သေပြလျက်ရှိသည်။

က​လေး​ထိန်း​ အမျိုး​သမီး​ ဝမ်ပိုချန်း​သည် ၄ လအရွယ် က​လေး​ငယ်အား​ မျက်နှာချင်း​ဆိုင် အ​နေအထား​အတိုင်း​ ဖက်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်သွား​ခဲ့​သည်။ ၄ နာရီမျှကြာပြီး​နောက် သူမသည် က​လေး​အား​ နှိုး​ကြည့်​သောအခါ က​လေး​ငယ်မှာ လုံး​ဝမလှုပ်​တော့​ချေ။ က​လေး​၏ လက်ဖဝါး​၊​ ​ခြေဖဝါး​များ​သည် ခရမ်း​ရောင်​ပြေင်း​နေပြီး​ က​လေး​မှာ အသက်မရှိ​တော့​ချေ။ ပြီး​ခဲ့​သည့်​ ဇူလိုင်လ ၂၇ ရက်​နေ့​က ဖြစ်ပွား​ခဲ့​သော က​လေး​ငယ် ​သေဆုံး​မှုကို ယခုအခါ စင်္ကာပူ မှုခင်း​ဆေး ​ပညာရှင်များ​က ​ကြေညာခဲ့​ရာ ယင်း​ကဲ့​သို့​ဖြစ်စဉ်မျိုး​ သဘာဝ​အတိုင်း​ဖြစ်​စေ၊​ က​လေး​ငယ် ရုတ်တရက် အသက်ရှူကြပ်သည့်​​အခါတွင်ဖြစ်​စေ ​ပေါ်​ပေါက်​နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

တန်ယိတ်ကြည်​အမည်ရှိ က​လေး​ငယ်သည် က​လေး​ထိန်း​ဖြစ်​သော ဝမ်နှင့်​ မျက်နှာချင်း​ဆိုင် အိပ်​နေရင်း​ သူမ၏ ဝမ်း​ဗိုက်နှင့်​ မျက်နှာကပ်​လွန်း​သော​ကြောင့်​ အသက်ရှူပိတ် ​သေဆုံး​ခြင်း​ ဖြစ်နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ထို့​အပြင် ဝမ်သည် က​လေး​၏ ဦး​ခေါင်း​ပေါ်တွင် လက်ဖြင့်​ ကွယ်ကာ အိပ်ခဲ့​သည့်​​အတွက် အ​ခြေအ​နေ ပိုဆိုး​​သွား​ခြင်း​​ဖြစ်​ကြောင်း​လည်း​ သုံး​သပ်ခဲ့​သည်။ ဝမ်း​နည်း​ကြေ​ကွဲ​နေ​သော အမျိုး​သမီး​ကမူ သူမသည် ယခင်​ကတည်း​က က​လေး​အား​ ထိုသို့​ပင် သိပ်ခဲ့​ကြောင်း​၊​ က​လေး​ငယ် ရုတ်တရက် ​အော်ငိုသည့်​ အခါမျိုး​တွင် ချက်ချင်း​​သိရှိနိုင်​အောင် ရည်ရွယ်ခြင်း​​ဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။ စင်္ကာပူ​ရဲတပ်ဖွဲ့​သည် ယင်း​အမှုအား​ စုံစမ်း​​နေဆဲဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here