သမ္မတ​ဟောင်း​အား​ ​ထောက်ခံအား​ပေး​သူများ​ကို တူနီး​ရှား​ရဲတပ်ဖွဲ့​ဖမ်း​ဆီး​

alt

တူနီး​ရှား​ ရဲတပ်ဖွဲ့​သည် နိုင်ငံမှ ထွက်​ပြေး​သွား​ပြီဖြစ်သည့်​ သမ္မတ​ဟောင်း​ ဇိုင်အယ်အဘီဒိုင် ဘန်အလီကို အား​ပေး​ထောက်ခံသူများ​အား​ အင်အား​သုံး​ ဖြိုခွင်း​မှုများ​ ပြုလုပ်လျက်ရှိ​ကြောင်း​ သိရသည်။

ဆန္ဒပြပွဲများ​ အင်အား​ကြီး​မား​စွာ ​ပေါ်​ပေါက်လာပြီး​နောက် သမ္မတ ဘန်အလီသည် နိုင်ငံအတွင်း​မှ ထွက်​ပြေး​သွား​ပြီဖြစ်သလို အာဖရိကတိုက် ​မြောက်ပိုင်း​နိုင်ငံတွင် ၂၃ နှစ်ကြာ အုပ်စိုး​ခဲ့​သည့်​ ၎င်း၏ ဩဇာအာဏာမှာ အပြီး​တိုင် ပြိုလဲသွား​ခဲ့​ သည်။ ဇန်နဝါရီလ ၁၄ ရက်​နေ့​က ဘန်အလီ ထွက်​ပြေး​သွား​ပြီး​နောက် ဆန္ဒပြမှုများ​ ပိုမိုအင်အား​ကောင်း​လာပြီး​ ယခုအခါ ရဲတပ်ဖွဲ့​ကပါ ပူး​ပေါင်း​ပါဝင်လာခဲ့​သည်။ ဒီမိုက​ရေစီ ​ကြွေး​ကြော်သံများ​နှင့်​ တူနစ်မြို့​တော်တွင် ဆန္ဒပြမှုများ​ ဆက်လက်အား​ကောင်း​နေဆဲဖြစ်ပြီး​ ရဲတပ်ဖွဲ့​သည် ဘန်အလီ အာဏာရစဉ်က မဟာမိတ်ဖြစ်ခဲ့​သော နိုင်ငံ​ရေး​သမား​ များ​အား​ လိုက်လံဖမ်း​ဆီး​လျက်ရှိသည်။

ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်ကလည်း​ ဘန်အလီ၏ မိသား​စုများ​၊​ ​ဆွေမျိုး​များ​ကို ဖမ်း​ဆီး​ရန် ယာယီအစိုး​ရက အမိန့်​ထုတ်ခဲ့​သည်။ တူနီး​ရှား​နိုင်ငံသည် ပြင်သစ်လက်​အောက်မှ လွတ်လပ်​ရေး​ ရခဲ့​ပြီး​ နောက် ဆယ်စုနှစ်များ​စွာတိုင် ငြိမ်း​ချမ်း​စွာ ရှိခဲ့​ပြီး​ ဆန္ဒပြမှုဆိုသည်မှာ ဖြစ်​တောင့်​ဖြစ်ခဲ ကိစ္စမျိုး​ဟု သိရသည်။ သို့​ သော်လည်း​ နိုင်ငံအတွင်း​ ဆင်း​ရဲကြပ်တည်း​မှု၊​ အလုပ်အကိုင် ရှား​ပါး​မှုတို့​ကြောင့်​ မိမိကိုယ်ကိုယ် မီး​ လောင်တိုက်သွင်း​ခံကာ ဆန္ဒပြမှုမျိုး​ပင် ဖြစ်​ပေါ်လာပြီး​ ဘန်အလီအစိုး​ရ ပြိုကွဲသွား​ခြင်း​ဖြစ်သည်။

လက်ရှိတွင် နိုင်ငံအ​ခြေအ​နေကို တာဝန်ယူထား​သော ကြား​ဖြတ်အစိုး​ရ အ​နေနှင့်​လည်း​ ဘန်အလီအား​ ​ထောက်ခံအား​ပေး​ သည်ဆို​သော စွဲချက်များ​နှင့်​ ရင်ဆိုင်​နေရပြီး​ ရာထူး​မှ နှုတ်ထွက်​ပေး​ကြရန် ​တောင်း​ဆိုမှုများ​နှင့်​ ကြံု​နေရ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here