ရင်သား​ခွဲစိတ်ရာမှ အ​ဖော်အချွတ် ရုပ်ရှင်​မင်း​သမီး​​​သေဆုံး​

alt

လိင်အသား​ပေး​ ရုပ်ရှင်ဇာတ်ကား​များ​တွင် ပါဝင်​သရုပ်​ဆောင်​​နေသူ မင်း​သမီး​​တစ်ဦး​သည် သူမ၏ ရင်သား​ကို ဆဋ္ဌမ​အကြိမ်​မြောက် ခွဲစိတ်​ကုသရာမှ ကွယ်လွန်​သွာ​ကြောင်း​ သိရသည်။

ဂျာမန်​အ​ဖော်အချွတ် ရုပ်ရှင်စတား​ ကာရိုလင်း​ ဘာဂါသည် ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က သူမ၏ ရင်သား​​ကို 34F မှ 34G သို့​ အရွယ်အစား​ တိုး​မြှင့်​ရန် ခွဲစိတ်ခံရင်း​ ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ Sexy Cora ဟု လူသိများ​ပြီး​ သူမ၏ ခန္ဓာကိုယ်မှ ​ဆေး​မင်​ ကြောင်များ​ကြောင့်​ ပိုမိုထင်ရှား​သည့်​ ဘာဂါသည် ဇန်နဝါရီလ ၁၁ ရက်​နေ့​က ဟမ်း​ဘက်​ဆေး​ရုံတွင် ခွဲစိတ်မှု ခံယူပြီး​ နောက် အသိမဲ့​ကာ ကိုမာဝင်ပြီး​ ​မေ့​မြော​နေခြင်း​ဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက်​နေ့​တွင်မူ ​ဆေး​ရုံက သူမသည် ဦး​ နှောက်တွင် ထိခိုက်မိ​သော ဒဏ်​ကြောင့်​ ကွယ်လွန်​ကြောင်း​ ​ကြေညာခဲ့​သည်။ သူမ၏ခင်ပွန်း​ တင်က သူမ၏ ​သွေး​ ဖိအား​သည် မှန်မှန်ကြီး​ ထိုး​ကျသွား​ပြီး​ အသိမဲ့​နေခဲ့​ကြောင်း​၊​ သူမသည် ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပင် ကွယ်လွန်သွား​ကြောင်း​ ​ပြောဆိုခဲ့​သည်။

ဂျာမန်ရဲတပ်ဖွဲ့​ကမူ အသက် ၂၃ နှစ်ရှိ ဘာဂါကွယ်လွန်မှု​ကြောင့်​ သူမအား​ ခွဲစိတ်မှု ပြုလုပ်​ပေး​ခဲ့​သည့်​ ဆရာဝန်များ​အား​ စုံစမ်း​စစ်​ဆေး​လျက်ရှိ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here