ဂါဇာ​ထောက်ပံ့​ရေး​သ​င်္ဘောတိုက်ခိုက်ခံရမှု စုံစမ်း​ရေး​အစီရင်ခံစာအား​ ပါလက်စတိုင်း​ကန့်​ကွက်

alt

အစ္စ​ရေး​နိုင်ငံ၏ ဂါဇာကမ်း​မြှောင် ​ထောက်ပံ့​ရေး​ သ​င်္ဘောအား​ စီး​နင်း​တိုက်ခိုက်ခဲ့​မှုနှင့်​ ပတ်သက်ပြီး​ ​ကော်မတီဖွဲ့​ စုံစမ်း​ခဲ့​ပြီး​နောက် ထုတ်ပြန်ခဲ့​သော ​ကြေညာမှုအား​ ပါလက်စတိုင်း​က အပြင်း​အထန် ကန့်​ကွက်လိုက်သည်။

အစ္စ​ရေး​က ပြီး​ခဲ့​သည့်​နှစ် ​မေလအတွင်း​ တူရကီပိုင် သ​င်္ဘောအား​ စီး​နင်း​မှု ပြုလုပ်ခဲ့​ရာတွင် မိမိတို့​၏ စစ်သား​များ​သည် တရား​ဥပ​ဒေနှင့်​အညီ လုပ်​ဆောင်ခဲ့​ကြောင်း​ ​ကြေညာခဲ့​သည်။ တူရကီ အများ​စု ပါဝင်​သော ပါလက်စတိုင်း​ လိုလား​သူ ၉ ဦး​သေဆုံး​ခဲ့​သည့်​ ​ရေယာဉ်စီး​နင်း​မှအ​ပေါ် အစ္စ​ရေး​၏ ​ကြေညာချက်မှာ သမာသမတ် မရှိ​ ကြောင်း​ ပါလက်စတိုင်း​ အ​နောက်ဖက်ကမ်း​ခြေ ​ဒေသဆိုင်ရာ အုပ်ချုပ်​ရေး​မှူး​ ဂါဆန်အယ်ခါတစ်က ​ပြောကြား​ လိုက်သည်။

မာဗီမာမာရာ သ​င်္ဘောကို အစ္စ​ရေး​တို့​က ဝင်​ရောက်တိုက်ခိုက်မှုသည် အကြမ်း​ဖက်မှု တစ်ခုပင်ဖြစ်​ ကြောင်း​၊​ အစ္စ​ရေး​အစိုး​ရသည် ၎င်းတို့​၏ အမှား​ကို ​ရှောင်လွှဲဖုံး​ကွယ်ရန် လုပ်​ဆောင်​နေခြင်း​သာဖြစ်​ကြောင်း​ အယ်ခါတစ်က စွပ်စွဲခဲ့​သည်။ ပါလက်စတိုင်း​ကဲ့​သို့​ပင် ဂါဇာကို လက်ရှိထိန်း​ချုပ်ထား​သော ဟား​မတ်တို့​ကလည်း​ အစ္စ​ ရေး​ စုံစမ်း​ရေး​ ​ကော်မတီ၏ ​ဖော်ပြချက်များ​အား​ ကန့်​ကွက်​ကြောင်း​ ​ကြေညာထား​သည်။

အစ္စ​ရေး​သည် ၎င်းတို့​၏ မဟာရန်သူ ဟား​မတ်တို့​ အာဏာရလာသည့်​ ၂၀၀၆ ခုနှစ်ကတည်း​က ဂါဇာကို အဖက်ဖက်မှ ဝန်း​ရံပိတ်ဆို့​ထား​ခဲ့​ ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here