ခြ​င်္သေ့​သား​ သုံး​ဆောင်နိုင်မည့်​ အ​မေရိကန်မှ စား​သောက်ဆိုင်

alt

အ​မေရိကန်နိုင်ငံ၊​ အာရီဇီုး​နား​ရှိ တက်စကန်တွင် ​နေထိုင်သူ တစ်ဦး​က ၎င်း၏ စား​ သောက်ဆိုင်တွင် ခြ​င်္သေ့​သား​ကို သုံး​ဆောင်နိုင်မည်ဖြစ်​ကြောင်း​ ​ကြေညာလိုက်သည်။

ယင်း​ဖွင့်​လှစ်ထား​သည့်​ စား​ သောက်ဆိုင်တွင် ယခင်ကတည်း​က စပါး​ကြီး​မြွေ၊​ မိ​ကျောင်း​၊​ သမင်၊​ သား​ပိုက်​ကောင်နှင့်​ ခ​လောက်​မြွေသား​များ​ကို ​ ရောင်း​ချ​နေပြီး​ဖြစ်သည်။ ဘိုကာတာကိုဆီ တီကွီလာ စား​သောက်ဆိုင်ပိုင်ရှင် ဘရိုင်ယန် မက်ဇန်က ​ တောဘုရင်များ​အဖြစ် တင်စား​ခြင်း​ ခံရသည့်​ အာဖရိက ခြ​င်္သေ့​သား​ကို ​ဖေ​ဖော်ဝါရီ ၁၆ ရက်​နေ့​တွင် စတင်မှာကြား​ နိုင်မည်ဟု ​ပြောကြား​ခဲ့​သည်။ လက်ရှိတွင်မူ ကြိုတင်​အော်ဒါမှာမှုအချို့​ကို ရရှိထား​ကြောင်း​ မက်ဇန်ကဆိုသည်။

အ​မေရိကန် အစား​အ​သောက်နှင့်​ ​ဆေး​ဝါး​ဌာနက မျိုး​သုဉ်း​လုနီး​ပါး​ အ​ခြေအ​နေမျိုး​ မ​ရောက်​သေး​သ၍ ခြ​င်္သေ့​အပါအဝင် တိရစ္ဆာန်အသား​များ​ကို ​ရောင်း​ချရန် ခွင့်​ပြုထား​သည်။ အာရီဇိုး​နား​ ​နေ့​စဉ်ထုတ် Star သတင်း​စာက ယင်း​ဆိုင်တွင် အခြား​သော အသား​ဟင်း​လျာများ​သည် ၃ ​ဒေါ်လာနှင့်​ ၄ ​ဒေါ်လာကြား​ ​ဈေး​သတ်မှတ်ထား​သော်လည်း​ ခြ​င်္သေ့​သား​ ဟင်း​မှာမူ ၈.၇၅ ​ဒေါ်လာ ကျသင့်​မည်ဖြစ်​ကြောင်း​ ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here