မ​လေး​ရှား​တွင် မြင်​တွေ့​ရမည့်​ ဒိုင်နိုင်​ဆော​ဥယျာဉ်

alt

သမိုင်း​ဦး​ကျောက်​ခေတ်က ရှင်သန်​နေထိုင်ခဲ့​သော ဒိုင်နို​ဆော သတ္တဝါကြီး​များ​အား​ တ​ကျော့​ ပြန်ရှင်သန်​စေကာ ဥယျာဉ်ကြီး​တစ်ခုအတွင်း​ ထား​ရှိ​မွေး​မြူထား​သည့်​ Jurassic Park ဇာတ်ကား​အတွင်း​မှ ဥယျာဉ်မျိုး​ မ​လေး​ရှား​တွင် ပြုလုပ်ရန် စီစဉ်​နေ​ကြောင်း​ သိရသည်။

ကွာလာလမ်ပူရှိ ဘူကစ်ကီရာမှ ပူဆတ်ဆိန်း​ နီဂါရာတွင် သမိုင်း​မတင်မီ ဂျူရက်ဆစ်ယုဂ်မှ ကြမ်း​ကြုတ်ခက်ထန်​သော သတ္တဝါကြီး​များ​အား​ ​တွေ့​ မြင်နိုင်မည်ဖြစ်သည်။ ကြီး​မား​လှသည့်​ ဒိုင်နို​ဆော ရုပ်တုကြီး​များ​ကို အမှန်တကယ် ရှင်သန်ခဲ့​သည့်​ သား​ရိုင်း​ တိရစ္ဆာန်ကြီး​များ​ အရွယ်အစား​အတိုင်း​ ​ဆောက်လုပ်ထား​ပြီး​ ၁၆ ​ပေမြင့်​သည့်​ ကြမ်း​ကြုတ်လှသည့်​ သား​စား​ဒိုင်နို​ ဆော တိုင်ရန်နို​ဆောရပ်၊​ ၂၃ ​ပေမြင့်​သည့်​ အပါတို​ဆောရပ် ရုပ်တုကြီး​များ​ကို ​တွေ့​ရှိနိုင်မည်ဖြစ်သည်။

Dinos Alive အမည်ရှိ ပြပွဲကို ၂၀၁၁ ခုနှစ် ​မေလ ၃၁ ရက်​နေ့​ထိ ပြသရန် စီစဉ်ထား​ရာ တနင်္ဂ​နွေ​နေ့​များ​နှင့်​ မ​လေး​ရှား​ ပြည်သူ့​ရုံး​ ပိတ်ရက်များ​တွင် ဖွင့်​လှစ်ပြသသွား​မည်ဟုဆိုသည်။ လက်မှတ်များ​ကို က​လေး​များ​အတွက် ၅ ရင်း​ဂစ်၊​ အရွယ်​ ရောက်သူများ​အတွက် ၁၀ ရင်း​ဂစ်၊​ မိသား​စုတစ်စုအတွက် ၂၅ ရင်း​ဂစ် သတ်မှတ်​ရောင်း​ချ​နေ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here