ထူး​ခြား​ဆန်း​ပြား​သည့်​ ​လေယာဉ်ဒီဇိုင်း​သစ် NASA ​လေ့​လာ

alt

အ​မေရိကန် အမျိုး​သား​ အာကာသ ​အေဂျင်စီ (NASA)က ထူး​ခြား​ဆန်း​ပြား​သော ​ လေယာဉ်ဒီဇိုင်း​သစ် တစ်ခုအား​ ​လေ့​လာ​နေ​ကြောင်း​ သိရသည်။ AD-1 ဟု အမည်​ပေး​ထား​သည့်​ အဆိုပါ ​ လေယာဉ်သည် ​တောင်ပံနှစ်ဖက်ကို ဒလက်များ​သဖွယ် လှည့်​လည်​ရွှေ့​ပြောင်း​နိုင်မည်ဖြစ်သည်။

လွန်ခဲ့​သော နှစ်​ပေါင်း​ ၃၀ ​ကျော် ၁၉၇၀ ပြည့်​လွန်နှစ်များ​က NASAသည် Ames-Dryden-1 အမည်ရှိ ​လေယာဉ်ဒီဇိုင်း​ကို တီထွင်ခဲ့​ပြီး​ AD- 1မှာ ယင်း​ဒီဇိုင်း​ဟောင်း​ကို အ​ခြေပြုပြီး​ အဆင့်​မြှင့်​တင်ထား​သည်။ ​လေယာဉ်၏ ​တောင်ပုံများ​ကို ၆၀ ဒီဂရီ လှည့်​ လည်နိုင်ရာ ယင်း​တောင်ပံ ​ထောင့်​ချိုး​အ​နေအထား​အလိုက် ​လေယာဉ်၏ အရှိန်နှုန်း​ကို အနိမ့်​အမြင့်​ ပြုလုပ်နိုင်မည်ဖြစ်သည်။

NASA ၏ ​လေ​ကြောင်း​ပျံသန်း​မှု နည်း​ပညာ အင်ဂျင်နီယာ ​ရောဘတ်တီဂျံုး​က ယခုဒီဇိုင်း​ သစ်ကို ဆန်း​သစ်​ရေး​ဆွဲခဲ့​ခြင်း​ဖြစ်သည်။ ​ရောဘတ်က ​လေယာဉ်များ​တွင် အ​တောင်ကို ပုံ​သေအ​နေအထား​ တစ်ခုထဲဖြင့်​ တပ်ဆင်ထား​မှုကို ​ပြောင်း​လဲလိုက်ခြင်း​ဖြစ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။ F-14၊​ F-111နှင့်​ B-1တို့​ကဲ့​သို့​ ​ လေယာဉ်များ​တွင် အ​တောင်ပံ အ​နေအထား​ ​ပြောင်း​လဲမှုကို အတိုင်း​အတာ တစ်ခုအထိ ပြုလုပ်နိုင်​သော်လည်း​ AD- 1ကဲ့​သို့​ ကြီး​မား​သော ​ထောင့်​ချိုး​လှည့်​ပြောင်း​နိုင်ခြင်း​မှာ ယခုတစ်ကြိမ် ပထမဆုံး​ဖြစ်သည်။

ယခုစနစ်သည် ​ လေယာဉ်၏ အရှိန်နှုန်း​ကို ထိန်း​ညှိရာတွင် အလွန်ထိ​ရောက်မှု ရှိ​သော​ကြောင့်​ အနာဂတ် ​လေယာဉ်များ​တွင် အဆိုပါ နည်း​ပညာကို ဖြည့်​သွင်း​အသုံး​ပြုသွား​နိုင်ရန် ​မျှော်လင့်​ကြောင်း​ ​ရောဘတ်က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here