နိုင်ငံ​ရေး​လောကနှင့်​ ဆက်နွယ်ခြင်း​မရှိသည့်​အတွက် ​ဂျော့​ကလူနီး​ ​ကျေနပ်

alt

ဂျော့​ကလူနီး​က မိမိအ​နေနှင့်​ နိုင်ငံ​ရေး​လောကနှင့်​ အဆက်အနွယ် ပြုလုပ်ခဲ့​ခြင်း​ မရှိသည့်​အတွက် ​ကျေနပ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ​ဟောလီး​ဝုဒ်စတား​ မင်း​သား​ကြီး​က ၎င်းသည် လက်ရှိသမ္မတ ဘာရတ်အိုဘား​မား​ ​တွေ့​ကြံု​နေရသည့်​ ဖိအား​များ​မှုမျိုး​ကို

သ​ဘောမကျနိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ပီရက်​မော်ဂန်၏ ရုပ်မြင်သံကြား​ အစီအစဉ်တွင် ကလူနီး​က ၎င်းအား​ နိုင်ငံ​ရေး​ စိတ်ဝင်စား​မှု ရှိမရှိ ​မေး​မြန်း​ခဲ့​မှုအား​ မိမိသည် နိုင်ငံ​ရေး​နှင့်​ မသက်ဆိုင်ဟု ခံယူထား​ကြောင်း​၊​ လက်ရှိအသက်​မွေး​ဝမ်း​ကြောင်း​ အလုပ်ကို နှစ်သက်​ကြောင်း​၊​ သမ္မတ အိုဘား​မား​ကို နှစ်သက်သ​ဘောကျ​သော်လည်း​ ၎င်းကို အား​ကျမှုမရှိ​ကြောင်း​၊​ အများ​ပြည်သူ ​ကောင်း​ကျိုး​ကို ကူညီလုပ်ကိုင်ရခြင်း​ အား​ ​ကျေနပ်​ပျော်ရွှင်​သော်လည်း​ နိုင်ငံ​ရေး​နယ်ပယ်သို့​မူ ဝင်​ရောက်ရန် ဆန္ဒမရှိ​ကြောင်း​ ​ဖြေကြား​ခဲ့​သည်။

ကုလသမဂ္ဂ နှလုံး​လှ သံတမန်တစ်ဦး​အဖြစ် တာဝန်ယူထား​ပြီး​ အာဖရိကတိုက်ရှိ ပြည်တွင်း​စစ်ဒဏ်ခံနိုင်ငံ ဆူဒန်သို့​ သွား​ ရောက်ကာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​များ​ ​ဆောင်ရွက်​ပေး​နေသူဖြစ်သည်။ ၎င်းသည် ဆူဒန်တွင် ငှက်ဖျား​ရောဂါ ကူး​စက်မှု ခံခဲ့​ရ​သေး​သော်လည်း​ ယခုအခါ သက်သာ​ပျောက်ကင်း​နေပြီဟုလည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here