တိရစ္ဆာန်ရုံမှ မိ​ကျောင်း​ လာ​ရောက်​လည်ပတ်သူ​တစ်ဦး​၏ မိုဘိုင်း​ဖုန်း​အား​ မျိုချ​လိုက်သဖြင့်​ ဒုက္ခ​တွေ့​

alt

တိရစ္ဆာန်ရုံထဲ ​မွေး​ထား​သည့်​ မိ​ကျောင်း​တစ်​ကောင်သည် လာ​ရောက်လည်ပတ်သူ တစ်ဦး​၏ မိုဘိုင်း​ဖုန်း​အား​ မျိုချလိုက်မိပြီး​နောက် ဒုက္ခ​ရောက်​နေ​ကြောင်း​ သိရသည်။

ယူကရိန်း​နိုင်ငံ အ​ရှေ့​ပိုင်း​ ဒင်ပရိုပက်ထ​ ရော့​ခ် တိရစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်း​များ​သည် အသက် ၁၄ နှစ်သား​ မိ​ကျောင်း​ကြီး​ ဂီနာခမျာ ဗိုက်ထဲမှ အသံကြား​ သည့်​အတွက် အ​တော်​လေး​ ​သောက​ရောက်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဥယျာဉ်သို့​ လာ​ရောက်လည်ပတ်သူ အမျိုး​သမီး​တစ်ဦး​က သူမ၏ ဖုန်း​ကို ဂီနာက ဝါး​မြိုလိုက်​ကြောင်း​ လာ​ပြောချိန်တွင် ဝန်ထမ်း​များ​က မယုံကြည်ကြ​ချေ။ သို့​သော်လည်း​ အမျိုး​သမီး​၏ ဖုန်း​နံပါတ်ကို ​ခေါ်ကြည့်​သည့်​အခါ ဂီနာ၏ ဝမ်း​ဗိုက်ထဲမှ ဖုန်း​သံထွက်လာ​သော​ကြောင့်​ မျက်လုံး​ပြူး​ကုန်ကြသည်။

အသက် ၂၀ ​ကျော်အရွယ်ရှိ ရင်မာဂို​လော့​ကိုက မိ​ကျောင်း​ကန်အတွင်း​ ဖုန်း​လွတ်ကျသွား​ ခြင်း​သည် သူမ၏ မ​တော်တဆ မှား​ယွင်း​မှုဟု ဝန်ခံခဲ့​သည်။ သူမသည် ဂီနာအား​ ဓာတ်ပုံရိုက်ရန်အတွက် သံတိုင်ကြား​ လက်ထည့်​ကာ ဖုန်း​ဖြင့်​ ချိန်​နေရင်း​ ​ရေထဲသို့​ Nokiaဖုန်း​မှာ ပြုတ်ကျခဲ့​ခြင်း​ဟု ရှင်း​ပြခဲ့​သည်။ ဂီနာမှာ ပိုင်နက်ကျူး​ ကျော်လာသည့်​ အဆိုပါ ပစ္စည်း​အား​ အစာအမှတ်ဖြင့်​ ဝါး​မြိုလိုက်ခြင်း​ဖြစ်သည်။ ယခုအခါ ဂို​လော့​ကိုမှာလည်း​ သူမ၏ ဓာတ်ပုံများ​နှင့်​ ဖုန်း​နံပါတ် စာရင်း​များ​အား​ ပြန်လိုချင်​နေသည်။ ဖုန်း​ကို မြိုချလိုက်သည့်​ မိ​ကျောင်း​ခမျာမှာလည်း​ ​ နေထိုင်မ​ကောင်း​ ဖြစ်​နေ​ကြောင်း​ တိရစ္ဆာန်ရုံ ဝန်ထမ်း​များ​ကဆိုသည်။

ယခုအခါ ဆရာဝန်များ​က ဂီနာအား​ ပုံမှန်​ ကျွေး​နေကျ ဝက်သား​၊​ အမဲသား​တို့​အစား​ ငုံအရှင်များ​ ​ကျွေး​မွေး​ခဲ့​ကြသည်။ ယင်း​ငုံများ​တွင် ဗီတာမင်နှင့်​ လီဇာတစ်ဓာတ်များ​ ထိုး​သွင်း​ပေး​ထား​ခဲ့​သည်။ ဂီနာသည် ငှက်တစ်​ကောင်အား​ လှမ်း​ကိုက်ခဲ့​သော်လည်း​ မြိုမချဘဲ ပြန်​ထွေး​ထုတ်ခဲ့​သည်။ ဂီနာသည် အခြား​သောအ​ဖော် အာဖရိက မိ​ကျောင်း​သုံး​ကောင်နှင့်​လည်း​ ယခင်ကဲ့​သို့​ ​ဆော့​ ကစား​ခြင်း​ မရှိ​တော့​ချေ။ ​နောက်တစ်ပါတ်ထိ ဂီနာအ​နေနှင့်​ အစာမစား​နိုင်ပါက ဓာတ်မှန်ရိုက်ကာ ခွဲစိတ်ဖယ်ရှား​ မှုမျိုး​ ပြုလုပ်ရန် ဆရာဝန်များ​က စီစဉ်​နေသည်။ သို့​သော်လည်း​ ယခင်က ထိုမျှ​လောက် ကြီး​မား​သည့်​ တိရစ္ဆာန်မျိုး​ကို အလား​တူ ခွဲစိတ်မှုမျိုး​ မပြုလုပ်ဖူး​ချေ။

သာမန်အား​ဖြင့်​ မိ​ကျောင်း​များ​သည် နှစ် ၁၀၀ မျှကြာသည်အထိ သက်တမ်း​ ရှည်ကြာစွာ ​နေထိုင်နိုင်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here