​လှေခါး​လျှောစီး​ ကစား​ရာမှ ဗြိတိန်​ကျောင်း​သူတစ်ဦး​ လိမ့်​ကျ​သေဆုံး​

alt

က​လေး​ငယ်များ​အ​နေနှင့်​ ​လှေခါး​လက်ရန်း​မှ ​လျှောချပြီး​ ကစား​ရသည်ကို အလွန်နှစ်သက်​လေ့​ ရှိကြသည်။ သို့​သော်လည်း​ ယင်း​သည် အခန့်​မသင့်​လျင် အသက်​ဘေး​ကို ထိပါး​စေနိုင်​ကြောင်း​ ဗြိတိန်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် က​လေး​မ​လေး​တစ်ဦး​၏ ဖြစ်ရပ်က သက်​သေခံ​နေသည်။

အယ်လီဟစ်​ကော့​သည် ​ကျောင်း​ရှိ ​လှေခါး​ တွင် စတန့်​ထွင် ​လျှောဆင်း​ခဲ့​ပြီး​နောက် ဟန်ချက်ပျက်ကာ ကြမ်း​ပြင်နှင့်​ခေါင်း​ ရိုက်မိသွား​သည်။ ရ တန်း​ကျောင်း​သူ​ လေး​သည် စာသင်ချိန်တွင် အိမ်သာသွား​ရန် ခွင့်​တောင်း​ပြီး​နောက် ယင်း​ကဲ့​သို့​ ​လှေကား​လျှောစီး​ခဲ့​ခြင်း​ဖြစ်သည်။ သူမသည် ​လှေခါး​လျှောစီး​ပြီး​နောက် ကြမ်း​ပြင်​ပေါ် လဲကျကာ အသိမဲ့​ ​မေ့​မြော​နေသည်ကို CCTV လုံခြံု​ရေး​ ကင်မရာက ရိုက်ယူထား​နိုင်ခဲ့​သည်။

သူမအား​ အသက် ၁၂ နှစ်အရွယ် ​ကျောင်း​သူနှစ်ဦး​က ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ထိုနှစ်ဦး​၏ အလန့်​တကြား​ ​အော်ဟစ်မှု​ကြောင့်​ အခန်း​ပြင်သို့​ ထွက်ကြည့်​ခဲ့​ရာ လဲကျ​နေ​သော အယ်လီကို ​တွေ့​ရှိခဲ့​ ကြောင်း​ ​ကျောင်း​ဆရာ ​ဒေး​ဗစ်မာရီလီး​ကဆိုသည်။ ​ဆေး​ဝန်ထမ်း​များ​သည် အ​ရေး​ပေါ် လူနာတင်ကား​တစ်စင်း​နှင့်​ ရိန်း​ဖောင်​ဒေး​ရှင်း​ကျောင်း​သို့​ ​ရောက်ရှိလာချိန်တွင် အယ်လီ၏ ဦး​ခေါင်း​ခွံမှာ ထိခိုက်ကျိုး​ကြေမှု ဖြစ်​နေပြီကို ​ ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။ ပြီး​ခဲ့​သည့်​ ​အောက်တိုဘာ ၁၃ ရက်​နေ့​က ဖြစ်ပွား​ခဲ့​သော မ​တော်တဆမှု​နောက် ၈ ရက်​ မြောက်တွင် အယ်လီသည် မိဘနှစ်ပါး​၏ ​ရှေ့​မှောက် ဂရိတ်​အော်မွန်လမ်း​ ​ဆေး​ရုံတွင် ကွယ်လွန်သွား​ခဲ့​သည်။

ဦး​နှောက်အတွင်း​ပိုင်း​ ထိခိုက်ကာ ဦး​နှောက်​ရောင်ရမ်း​လာခြင်း​ကို ဆရာဝန်များ​အ​နေနှင့်​ အစွမ်း​ကုန်ကြိုး​စား​ခဲ့​ သော်လည်း​ မတား​ဆီး​နိုင်​ချေ။ လနှင့်​ချီ ကြာမြင့်​သော စုံစမ်း​မှုများ​ ပြုလုပ်ပြီး​နောက် ရဲများ​က အယ်လီ​သေဆုံး​မှုမှာ မ​ တော်တဆ ဖြစ်ရပ်ဟု အတည်ပြုပြီး​ အမှုကို ပိတ်သိမ်း​ပေး​ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here