ဂျပန်​​လေတပ် အဆင့်​မြှင့်​​တင်သင့်​​ကြောင်း​ အ​မေရိကန်​​ပြောကြား​

alt

အ​မေရိကန်က ဂျပန်​အ​နေနှင့်​ ၎င်းတို့​၏ ​လေတပ်ကို အဆင့်​မြှင့်​တင် မွမ်း​မံမှုများ​ ပြုလုပ်သင့်​ပြီဟု သတိ​ပေး​ ​ပြောကြား​လိုက်သည်။ အ​မေရိကန် ကာကွယ်​ရေး​ဝန်ကြီး​ ​ရောဘတ်ဂိတ်က

ဂျပန်၏ အိမ်နီး​ချင်း​လည်း​ဖြစ်၊​ နိုင်ငံ​ရေး​ ပြိုင်ဖက်လည်း​ဖြစ်​သော တရုတ်သည် ပထမဆုံး​ ပြည်တွင်း​ဖြစ် အသံတိတ် တိုက်​လေယာဉ် (Stealth Fighter) J-20 ကို တီထွင်လိုက်ပြီး​နောက် ဂျပန်အ​နေနှင့်​ F-35 ​လေယာဉ်များ​ ဝယ်ယူသင့်​ကြောင်း​ တိုက်တွန်း​ခဲ့​သည်။ F-35 များ​သည် လက်ရှိတွင် ဥ​ရောပ ယူနီယံနှင့်​ NATO တပ်ဖွဲ့​ နိုင်ငံအများ​စုတွင် အသုံး​ပြု​နေပြီး​ ​ရေဒါဖြင့်​ ​ထောက်လှမ်း​မှုကို ​ရှောင်ကွင်း​နိုင်သည့်​ အသံတိတ် တိုက်​လေယာဉ်မျိုး​ဖြစ်သည်။ ဂျပန်သည် ယခင်ကတည်း​က အဆင့်​မြင့်​ အသံတိတ် တိုက်​လေယာဉ်များ​ ဝယ်ယူရန် စီစဉ်​နေပြီး​ အ​မေရိကန်လုပ် F-22 များ​ကို မျက်စိကျ​နေသည်။ သို့​သော်လည်း​ အ​မေရိကန် အစိုး​ရသည် F-22 များ​အား​ ပြည်ပသို့​ ​ရောင်း​ချခွင့်​ကို ပိတ်ပင်ထား​သည်။

ဂိတ်က အ​မေရိကန် ​လေတပ်ရှိ သက်တမ်း​လွန် တိုက်​လေယာဉ်များ​နေရာတွင် အစား​ထိုး​ရန် စီစဉ်ထား​သည့်​ F-35 များ​သည် ဂျပန်​လေတပ်အတွက် အထူး​သင့်​လျော်မည်ဟု မှတ်ချက်ပြုခဲ့​သည်။ F-35 များ​သည် F-22​ လောက် စွမ်း​ရည်မမြင့်​သည့်​တိုင် ကမ္ဘာ​ပေါ်တွင် အ​ကောင်း​ဆုံး​ တိုက်​လေယာဉ် အမျိုး​အစား​ တစ်ခုအဖြစ် သတ်မှတ်ခံထား​ရသည်။ ဂျပန်သည် အသံတိတ် တိုက်​လေယာဉ် အစင်း​ ၄၀ ပါဝင်သည့်​ ​လေတပ်ဖွဲ့​ကို တည်​ထောင်ရန် စီစဉ်​နေပြီး​ F-22 များ​ မရနိုင်ပါက F-35 များ​ကိုသာ ​ရွေး​ချယ် ဝယ်ယူဖွယ် ရှိ​နေသည်။ အဆင့်​မြင့်​ လက်နက်နည်း​ပညာများ​ အသုံး​ပြုနိုင်သည့်​ F-35 တစ်စင်း​သည် ​ဒေါ်လာ ၉၆ သန်း​မျှ ​ပေါက်​ဈေး​ရှိ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here