မူး​ယစ်​​ဆေး​စွဲ​​နေသူများ​​အား​ လိင်​ပိုင်း​ဆိုင်​ရာ ​စော်ကား​သည့်​ ဗြိတိန်​ရဲဝန်ထမ်း​အား​ ​ထောင်ဒဏ်​တစ်သက်​ချမှတ်

alt

မူး​ယစ်​ဆေး​ဝါး​ စွဲ​နေသူများ​ကို လိင်ပိုင်း​ဆိုင်ရာ ​စော်ကား​ခြင်း​၊​ မုဒိမ်း​ကျင့်​ခြင်း​များ​ ပြုလုပ်ခဲ့​သည်ဆို​သော ဗြိတိန်ရဲဝန်ထမ်း​ တစ်ဦး​အား​ ​ထောင်ဒဏ်တစ်သက် ချမှတ်လိုက်​ကြောင်း​ သိရသည်။

နယူး​ကာဆယ်ရှိ နယ်​မြေဆိုင်ရာ ရဲတပ်ဖွဲ့​ဝင် တစ်ဦး​ဖြစ်သူ အသက် ၄၂ နှစ်အရွယ် စတီဖင် မစ်ချယ်သည် အကျဉ်း​ကျ​နေသူများ​အား​ ရိုက်နှက်နှိပ်စက်ပြီး​ အကယ်၍ မိမိဆီမှ အကူအညီ ရယူလိုပါက လိင်အလုပ်အ​ကျွေး​ပြုရန် ​တောင်း​ဆိုခဲ့​ကြောင်း​ The Sun သတင်း​စာက ​ဖော်ပြခဲ့​သည်။ မစ်ချယ်က ၎င်း၏ သား​ကောင် အမျိုး​သမီး​ တစ်ဦး​အား​ သူမအ​နေနှင့်​ ယင်း​ကို အခြား​သူများ​ထံ တိုင်ကြား​ပါကလည်း​ ​ဆေး​စွဲ​နေသူ တစ်ဦး​၏ စကား​ကို မည်သူမျှ လက်ခံမည် မဟုတ်ဟု ​လှောင်​ပြောင်​ပြောဆိုခဲ့​သေး​ကြောင်း​ သိရသည်။

မစ်ချယ်၏ လုပ်ရပ်များ​ ​ပေါ်​ပေါက်လာချိန်တွင် ၎င်းသည် မုဒိမ်း​မှု ၂ မှုနှင့်​ လိင်ပိုင်း​ဆိုင်ရာ ​စော်ကား​မှု ၃ ခုတို့​အတွက် စွဲချက်တင်ခံခဲ့​ရသည်။ နယူး​ကာဆယ် တရား​ရုံး​က မစ်ချယ်တွင် ပြစ်မှုထင်ရှား​ကြောင်း​ စစ်​ဆေး​တွေ့​ရှိပြီး​နောက် ယခုသီတင်း​ပါတ် အ​စောပိုင်း​က ​ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့​ခြင်း​ဖြစ်သည်။ မစ်ချယ်ကမူ ၎င်းသည် စနစ်တကျ အကွက်ဆင်ခံရသူ တစ်ဦး​သာဖြစ်​ကြောင်း​ ​ပြောကြား​နေခဲ့​သည်။

ယခုအခါ နယူး​ကာဆယ် ရဲတပ်ဖွဲ့​သည် မစ်ချယ်၏ သား​ကောင်များ​ထံ ​ပေါင်စတာလင် သန်း​နှင့်​ချီပြီး​ ​လျော်​ကြေး​ပေး​ရမည့်​ အ​ခြေအ​နေမျိုး​ ကြံု​နေရ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here