MySpace မှ ဝန်ထမ်း​ ၅၀၀ နီး​ပါး​လျှော့​ချ

alt

ယခင်က အ​မေရိကန်၏ နာမည်အ​ကျော်ဆုံး​ Social Networking ဝက်ဆိုက်အဖြစ် ရပ်တည်နိုင်ခဲ့​သော MySpace သည် ယခုအခါ ဝန်ထမ်း​ ၅၀၀ နီး​ပါး​ ​လျှော့​ချခဲ့​ကြောင်း​ သိရသည်။

ယင်း​အ​ရေအတွက်သည် ကုမ္ပဏီ၏ ဝန်ထမ်း​အ​ရေအတွက် ၄၇ ရာခိုင်နှုန်း​မျှဖြစ်ရာ ထက်ဝက်နီး​ပါး​ အင်အား​လျှော့​လိုက်ရခြင်း​ဖြစ်သည်။ Facebook ၏ အား​ကောင်း​မောင်း​သန် ယှဉ်ပြိုင်မှုများ​ကြောင့်​ ယိမ်း​ယိုင်လာသည့်​ ကုမ္ပဏီ၏ CEO ဖြစ်သူ မိုက်ဂျံုး​က အပြင်း​ထန်ဆုံး​ စိန်​ခေါ်မှုများ​ကြောင့်​ ယခုဆုံး​ဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။ ထို့​အပြင် ​နောက်ထပ် ၁၈ လအတွင်း​ ကြီး​မား​သော ဝန်ထမ်း​လျှော့​ချမှု ​နောက်တစ်ကြိမ် ပြုလုပ်ရဖွယ် ရှိ​နေသည်ဟုလည်း​ သတင်း​များ​ကဆိုသည်။ MySpace သည် ယခုအခါ အဓိက ရပ်တည်​သော ပုံစံကို Social Networking မှ ဂီတဆိုင်ရာ ဝက်ဆိုက်တစ်ခုအသွင် ​ပြောင်း​လဲရန် စီစဉ်​နေ​ကြောင်း​လည်း​ သတင်း​အချို့​ ထွက်​ပေါ်​နေသည်။ MySpace သည် ၂၀၀၆ ခုနှစ်အတွင်း​ News Corp မှ ​ဒေါ်လာ သန်း​ ၅၈၀ မျှဖြင့်​ ဝယ်ယူရန် ချဉ်း​ကပ်ကမ်း​လှမ်း​ ခံခဲ့​ရ​ကြောင်း​ သတင်း​ထွက်ခဲ့​သည့်​တိုင် MySpace တာဝန်ရှိသူများ​က အတည်ပြုချက် မ​ပေး​ခဲ့​သေး​ချေ။

MySpace တွင် ကမ္ဘာတဝှမ်း​မှ သုံး​စွဲသူ သန်း​ ၁၁၀ ရှိ​သော်လည်း​ သန်း​ ၆၀၀ နီး​ပါး​ထိ ရှိလာသည့်​ Facebook ၏ ဩဇာဖြန့်​ကျက်မှုကို မယှဉ်နိုင်ခဲ့​ချေ။ ဂျံုး​က ငယ်ရွယ်​သော အင်တာနက် သုံး​စွဲသူများ​အတွက် ​ဖျော်​ဖြေမှုဆန်​သော ပုံစံမျိုး​ ကူး​ပြောင်း​ရပ်တည်သွား​နိုင်ရန် ​မျှော်လင့်​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here