ဂျာမန်မဂ္ဂဇင်း​၏ ​ဖျော်​ဖြေ​ရေး​​ဆိုင်ရာ အဆင့်​မြင့်​ဆု ဂျွန်ထရာဗိုတာရရှိ

alt

ဂျွန်ထရာဗိုတာအား​ ဂျာမန်မဂ္ဂဇင်း​ တစ်​စောင်က ​ဖျော်​ဖြေ​ရေး​နှင့်​ ပတ်သက်ပြီး​ အဆင့်​အမြင့်​ဆုံး​ ဆုတစ်ခု ​ပေး​အပ်ချီး​မြှင့်​မည်ဟု သိရသည်။ အသက် ၅၆ နှစ်ရှိ မင်း​သား​ကြီး​ကို ​ဖေ​ဖော်ဝါရီ ၅ ရက်​နေ့​တွင် ဘာလင်မြို့​သို့​ ဖိတ်​ခေါ်၍ ​ရွှေကင်မရာဆု ​ပေး​အပ်ချီး​မြှင့်​သွား​မည်ဖြစ်​ကြောင်း​

သတင်း​များ​ကဆိုသည်။ အဆိုပါဆုကို Horzu မဂ္ဂဇင်း​က ​ပေး​အပ်ခြင်း​ဖြစ်သည်။ ယင်း​သည် ကမ္ဘာ​ပေါ်တွင် အဆင့်​အမြင့်​ဆုံး​ မင်း​သား​တစ်ဦး​အတွက် ​ပေး​အပ်သည့်​ဆုဟု မဂ္ဂဇင်း​က ​ကြွေး​ကြော်ထား​သည်။ ယခင်ကလည်း​ အဆိုပါဆုကို ​ဟောလီး​ဝုဒ် နာမည်​ကျော် မင်း​သား​များ​ဖြစ်သည် ဘရုစ်ဝီလီ၊​ နစ်ကိုလက်​ကေ့​ဂျ်နှင့်​ ရစ်ချတ်ဂီရီတို့​ ရရှိခဲ့​ဖူး​သည်။

ယခုနှစ်တွင် ထရာဗိုတာအား​ ​ရွေး​ချယ်ခြင်း​သည် ဇာတ်ရုပ်မျိုး​စုံတွင် ပိုင်နိုင်ကျွမ်း​ကျင်စွာ သရုပ်​ဆောင်နိုင်သည့်​ ၎င်း၏ စွမ်း​ရည်ထူး​ကို ဂုဏ်ပြုခြင်း​ဖြစ်​ကြောင်း​ မဂ္ဂဇင်း​က ​ဖော်ပြခဲ့​သည်။ ​ရွှေကင်မရာဆုကို ​ပေး​အပ်ချီး​မြှင့်​ခဲ့​သည်မှာ ၄၆ နှစ်ကြာ သက်တမ်း​ရှိပြီဖြစ်ပြီး​ အ​ကောင်း​ဆုံး​ ရုပ်ရှင်၊​ ရုပ်မြင်သံကြား​နှင့်​ ဂီတနယ်ပယ်များ​မှ ထူး​ချွန်သူများ​ကို ဂုဏ်ပြုရန်ဖြစ်သည်။

ယင်း​ဆုသည် ပထမဆုံး​ အီလက်ထ​ရောနစ် TV ကင်မရာ တစ်ခုကို ၁၈ ကာရက် ​ရွှေပြား​များ​ကပ်ထား​သည့်​ ဂုဏ်ပြုဆုလည်း​ဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here