ဦး​ခေါင်း​တွင် ချို​တစ်​ချောင်း​​ပေါက်​နေသည့်​ ထူး​ထူး​ခြား​ခြား​ တရုတ်​​အမျိုး​သား​

alt

တရုတ်နိုင်ငံမှ အမျိုး​သား​ကြီး​ တစ်ဦး​သည် ဦး​ခေါင်း​မှ ချိုတစ်​​ချောင်း​ ထူး​ထူး​ခြား​ခြား​ ​ပေါက်​နေ​ကြောင်း​ သိရသည်။ အသက် ၈၄ နှစ်ရှိ ​ဟောင်ယွမ်​ဖန်၏ ဦး​ခေါင်း​နောက်မှ ထွက်​နေ​သော ဦး​ချို​သည် ရ.၆၂ စင်တီမီတာ အရှည်ရှိသည်။

ထိုချိုသည် အဖု​လေး​ အရွယ်မှ စတင်ရှည်လျား​လာခြင်း​​ဖြစ်​ကြောင်း​ ဇီယွမ်တွင် ​နေထိုင်သည့်​ ​ဟောင်က ရှင်း​ပြခဲ့​သည်။ ဆရာဝန်များ​က ယင်း​ဦး​ချို ထွက်လာခြင်း​​၏ အ​ကြောင်း​ရင်း​​ကို ရှင်း​မပြနိုင်​ကြောင်း​လည်း​ ​ဟောင်ကဆိုသည်။ သို့​သော်လည်း​ ယင်း​ချိုကို ဖြတ်​တောက်​ဖယ်ရှား​လျင်လည်း​ ပြန်လည်​ကြီး​ထွား​လာမည်ဟု ဆရာဝန်များ​က ​ပြောဆိုသွား​ကြောင်း​ ​ဟောင်က ရှင်း​ပြခဲ့​သည်။ ​

ဟောင်သည် ယင်း​ချိုကို ဦး​ထုပ်​ဆောင်း​ပြီး​ ဖုံး​ကွယ်ရန် ကြိုး​စား​ခဲ့​သော်လည်း​ တစထက်တစ ရှည်လျား​လာသည့်​အတွက် မ​အောင်မြင်​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here