ဟေတီငလျင် လှုပ်ခတ်မှု ၁ နှစ်ပြည့်​​အခမ်း​အနား​ ပြုလုပ်

alt

ဟေတီနိုင်ငံတွင် ငလျင်ကြီး​ လှုပ်ခတ်မှု ၁ နှစ်ပြည့်​ ​ကြေကွဲဝမ်း​နည်း​မှု ​အောက်​မေ့​ဖွယ် အခမ်း​အနား​ကို ဇန်နဝါရီလ ၁၂ ရက်​နေ့​က ပြုလုပ်ကျင်း​ပခဲ့​ကြောင်း​ သိရသည်။

ပြီး​ခဲ့​သည့်​နှစ်၊​ အဆိုပါ ရက်စွဲတွင် ပို့​အူပရင့်​ မြို့​တော်သို့​ အင်အား​ကြီး​မား​သည့်​ ပြင်း​အား​အဆင့်​ ရ.၀ ရှိ​သော ငလျင်ကြီး​ ဦး​တည်လှုပ်ရှား​ခဲ့​ရာ လူ​ပေါင်း​ နှစ်သိန်း​ခွဲ​ကျော် ​သေဆုံး​ခဲ့​ရသည်။ ထို့​အပြင် တစ်နှစ်​ကျော် ကြာမြင့်​သည်အထိ ပြန်လည်ထူ​ထောင်​ရေး​ လုပ်ငန်း​များ​ အပြည့်​အဝ မပြီး​မြောက်​သေး​ဘဲ လူ​ပေါင်း​ရှစ်သိန်း​ကျော်မှာ ယာယီရွက်ဖျင်တဲများ​ဖြင့်​ ​နေထိုင်ရဆဲဖြစ်သည်။

ယခုနှစ်ပတ်လည် အခမ်း​အနား​သို့​ ရာထူး​မှ နှုတ်ထွက်ခဲ့​သည့်​ သမ္မတ ရီနီပရီဗယ်နှင့်​ ကုလသမဂ္ဂ၏ ​ဟေတီဆိုင်ရာ သံတမန်အဖြစ် တာဝန်ယူထား​သည့်​ အ​မေရိကန် သမ္မတဟ​ဟောင်း​ ဘီကလင်တန်တို့​ တက်​ရောက်ခဲ့​သည်။ ကလင်တန်က ​ဟေတီတွင် ပြန်လည်ထူ​ထောင်​ရေး​ လုပ်ငန်း​များ​ အရှိန်အဟုန် ​နှေး​ကွေး​နေ​သော်လည်း​ တစထက်တစ ​အောင်မြင်မှု ရရှိ​နေ​ကြောင်း​ BBC သို့​ ​ပြောကြား​ခဲ့​သည်။ ​ဟေတီသည် ပြီး​ခဲ့​သည့်​ နှစ်ကုန်ပိုင်း​ကလည်း​ ကာလဝမ်း​ရောဂါ ပျံ့​နှံ့​ဖြစ်ပွား​မှု​ကြောင့်​ လူ​ပေါင်း​ ၃၅၀၀ ​ကျော်​သေဆုံး​ခဲ့​သည်။ ​

ဟေတီပြန်လည် ထူ​ထောင်​ရေး​အတွက် နိုင်ငံတကာ လှူဒါန်း​ငွေသည် ​ဒေါ်လာ ၂.၀၁ ဘီလျံထိ ရှိလာပြီဖြစ်​သော်လည်း​ တစ်နိုင်ငံလုံး​ အပြည့်​အဝ ထူ​ထောင်ရည်မှာ ကာလကြာရှည်စွာ အချိန်ယူရဖွယ် ရှိ​နေ​ကြောင်း​လည်း​ ကလင်တန်က မှတ်ချက်ပြု ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here