အာရှတိုက်သား​​အများ​စု ပါဝင်​သည့်​ လိင်​ရာဇဝတ်မှု ကျူး​လွန်သည့်​​ဂိုဏ်း​အား​ ဗြိတိန်​ရဲတပ်ဖွဲ့​ဖမ်း​ဆီး​

alt

ဗြိတိန်နိုင်ငံ၊​ မန်ချက်စတာတွင် အာရှတိုက်သား​ အများ​စု ပါဝင်သည့်​ လိင်ဆိုင်ရာ ရာဇဝတ်မှု ကျူး​လွန်​သော ဂိုဏ်း​တစ်ခုအား​ ရဲများ​က ဖမ်း​ဆီး​လိုက်သည်။

ယင်း​အဖွဲ့​သည် လမ်း​များ​ပေါ်ရှိ အသက်မပြည့်​သေး​သူ မိန်း​က​လေး​များ​ကို ​ထောင်​ချောက်ဆင် ဆွဲ​ဆောင်ကာ လိင်လုပ်သား​များ​ဖြစ်​အောင် အတင်း​ခိုင်း​စေ​လေ့​ရှိ​ကြောင်း​ သိရသည်။ ရဲတပ်ဖွဲ့​သည် အနည်း​ဆုံး​ တစ်ဒါဇင်မျှရှိ​သော အသက်မပြည့်​သေး​သူ လူဖြူမိန်း​က​လေး​များ​ကို လိင်လုပ်သား​ ဖြစ်လာ​အောင် အတင်း​ခိုင်း​စေခဲ့​သူ ၉ ဦး​ကို ဖမ်း​ဆီး​ခဲ့​ရာ ၈ ဦး​သည် အာရှဖွား​များ​ ဖြစ်ကြသည်။ ၂၀၀၈ ခုနှစ်ကတည်း​က ကား​တစ်စင်း​ဖြင့်​ လမ်း​များ​ပေါ် လှည့်​လည်ကျက်စား​နေ​သော ဂိုဏ်း​အား​ ဖမ်း​ဆီး​ဖော်ထုတ်မှုသည် လူမျိုး​ရေး​ခွဲခြား​မှု အသွင်မျိုး​ သက်​ရောက်သည်ဟု စွပ်စွဲမှုများ​ ​ပေါ်​ပေါက်လာမည်ကို ရဲများ​က စိုး​ရိမ်​နေသည်။

ယင်း​အဖွဲ့​သည် ၎င်းတို့​အသုံး​ပြုသည့်​ကား​ကို Rape Rover ဟု အမည်​ပေး​ထား​ပြီး​ မိန်း​က​လေး​များ​ကို ​ဖျော်ရည်အတွင်း​ မူး​ယစ်​ဆေး​ထည့်​ တိုက်​ကျွေး​ကာ အသိမဲ့​နေချိန်တွင် မုဒိမ်း​ဝိုင်း​ကျင့်​လေ့​ရှိသည်။ ထို့​နောက် သူမတို့​အား​ ပြည့်​တန်ဆာများ​ ဖြစ်လာ​အောင် ပုံသွင်း​စေခိုင်း​လေ့​ ရှိကြသည်။ ရဲတပ်ဖွဲ့​သည် ပြီး​ခဲ့​သည့်​နှစ်က လူလတ်တန်း​စား​ မိသား​စုမှ ​ပေါက်ဖွား​လာသည့်​ ​ကျောင်း​သူ​လေး​ တစ်ဦး​အား​ ကယ်ဆယ်နိုင်ခဲ့​ပြီး​နောက်ပိုင်း​ အာရှသား​ အများ​စု ပါဝင်​သော အဆိုပါ ဂိုဏ်း​အ​ကြောင်း​ကို ​ခြေရာခံ သိရှိလာသည်။ ယင်း​အဖွဲ့​၏ လက်ချက်မိခဲ့​သည့်​ သား​ကောင်များ​တွင် အသက် ၁၃ နှစ်အရွယ် မိန်း​က​လေး​များ​ပင် ပါဝင်ခဲ့​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here