Titanic သ​င်္ဘောကြီး​ ဘက်တီး​ရီး​ယား​ပိုး​ကြောင့်​ နှစ် ၂၀ အတွင်း​ ​ပျောက်ကွယ်သွား​ဖွယ်ရှိ

alt

ကမ္ဘာ​ကျော် Titanic သ​င်္ဘောပျက်ကြီး​သည် အဖျက်စွမ်း​အား​ ကြီး​မား​သော ဘက်တီး​ရီး​ယား​ တစ်မျိုး​ကြောင့်​ လာမည့်​နှစ် ၂၀ အတွင်း​ အပြီး​တိုင် ​ပျောက်ကွယ်သွား​ဖွယ်ရှိ​ကြောင်း​ သိပ္ပံပညာရှင်များ​က သတိ​ပေး​ ​ပြောကြား​လိုက်သည်။

၁၉၁၂ ခုနှစ်က ​ရေခဲတုံး​ကြီး​တစ်ခုနှင့်​ တိုက်မိပြီး​နောက် နစ်မြုပ်ခဲ့​ရသည့်​ နာမည်​ကျော် သ​င်္ဘောကြီး​သည် သတ္တုများ​ကို ဝါး​မျိုဖျက်ဆီး​နိုင်​သော ​ရေ​အောက် ဘက်တီး​ရီး​ယား​ တစ်မျိုး​၏ တိုက်ခိုက်မှုကို ခံ​နေရ​ကြောင်း​ DNA နည်း​ပညာ စစ်​ဆေး​မှုများ​အရ သု​တေသီများ​က ​တွေ့​ရှိလာခဲ့​သည်။ Halomonas Titanicae ဟု အမည်​ပေး​ထား​သည့်​ ဘက်တီး​ရီး​ယား​ပိုး​ကို သ​င်္ဘောပျက်ကြီး​တွင် ခို​အောင်း​နေ​ကြောင်း​ ပညာရှင်များ​က အတည်ပြုနိုင်ခဲ့​သည်။ ဟယ်လီဖက်ရှိ ဒယ်ဟူဆီတက္ကသိုလ်မှ ​ဒေါက်တာဘက်ဗလင်း​ကောသည် စပိန်မှ သု​တေသီများ​နှင့်​ လက်တွဲသု​တေသနပြုခဲ့​ပြီး​နောက် ယင်း​ပိုး​မွှား​အား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။

အဆိုပါ ဘက်တီး​ရီး​ယား​မျိုး​ကို ၁၉၉၁ ခုနှစ်က သု​တေသီများ​က စတင်​ဖော်ထုတ် ​တွေ့​ရှိခဲ့​သည်။ ယင်း​ဘက်တီး​ရီး​ယား​ မျိုး​ကွဲ​ပေါင်း​ ၂၇ ခုမျှ ရှိ​နေပြီး​ Halomonas Titanicae သည် သံသတ္တုကို သိသာစွာ ဖျက်ဆီး​နိုင်​ကြောင်း​ ​တွေ့​ရှိရသည်။ Titanic သ​င်္ဘောသည် လူသား​တို့​အတွက် သမိုင်း​ဝင် မှတ်တိုင်တစ်ခုအဖြစ် ရပ်တည်​နေပြီး​ ယင်း​ကို အပြီး​တိုင် ဆုံး​ရှံုး​ရခြင်း​သည် အလွန်ကြီး​မား​သော နစ်နာမှုကြီး​တစ်ခု ဖြစ်လာနိုင်​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here