ပစိဖိတ်​သမုဒ္ဒရာ​​တောင်ပိုင်း​ ကျွန်း​စုများ​​အနီး​ အင်အား​​ပြင်း​​ငလျင်​လှုပ်

alt

ပစိဖိတ် သမုဒ္ဒရာ​တောင်ပိုင်း​ နယူး​ကာလက်ဒိုနီး​ယား​ရှိ လွိုင်ရယ်တီ ကျွန်း​စုများ​အနီး​ ပြင်း​အား​အဆင့်​ ရ.၀ ရှိ​သော ငလျင်ကြီး​တစ်ခု လှုပ်ရှား​သွား​ကြောင်း​ သိရသည်။

ဇန်နဝါရီ ၁၄ ရက်​နေ့​က လှုပ်ခတ်သွား​သည့်​ ငလျင်ကြီး​ကြောင့်​ ဆူနာမီ ​ရေလှိုင်း​များ​ ဖြစ်​ပေါ်လာဖွယ် မရှိ​ကြောင်း​မူ အ​မေရိကန် ငလျင်တိုင်း​တာ​ရေး​ ဌာနကဆိုသည်။ ငလျင်​ကြောင့်​ အ​သေအ​ပျောက် စာရင်း​လည်း​ မရ​သေး​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ ငလျင်လှုပ်ရှား​ပြီး​နောက် ​နောက်ဆက်တွဲ ​မြေလွှာလှုပ်ခတ်မှုများ​ ဖြစ်​ပေါ်ခဲ့​သေး​ပြီး​ အပြင်း​ထန်ဆုံး​သည် အဆင့်​ ၅.၉ ထိ ​ရောက်ရှိခဲ့​သည်။

ဟာဝိုင်ယီ အ​ခြေစိုက် ပစိတ်ဖိတ် ဆူနာမီ သတိ​ပေး​စင်တာက ငလျင်​ကြောင့်​ ​ရေလှိုင်း​ကြီး​များ​ ဖြစ်​ပေါ်လာမည့်​ အ​နေအထား​မရှိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ယမန်နှစ် ဒီဇင်ဘာ ၂၆ ရက်​နေ့​က အဆိုပါ ​ဒေသအနီး​တွင် ပြင်း​အား​အဆင့်​ ရ.၃ ရှိသည့်​ ငလျင်တစ်ခု လှုပ်ရှား​ခဲ့​သေး​ပြီး​ ​နောက်ဆက်တွဲ တုန်ခါမှုများ​ ​ပေါ်​ပေါက်ခဲ့​သည်။ လွိုင်ရယ်တီ ကျွန်း​စုများ​သည် ပြင်သစ်ပိုင် နယူး​ကာလက်ဒိုနီး​ယား​အပိုင်ဖြစ်ပြီး​ ​ရေ​အောက်မီး​တောင် အ​မြောက်အမြား​ရှိသည့်​ ပစိဖိတ် မီး​ကွင်း​ဒေသနှင့်​ ဆက်စပ်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here