၂၀၁၀ ခုနှစ်သည် အပူ​နွေး​ဆုံး​ နှစ်တစ်နှစ်ဖြစ်

alt

လေ့​လာမှုများ​အရ ၂၀၁၀ ပြည့်​နှစ်သည် ကမ္ဘာ​ပေါ်တွင် အပူ​နွေး​ဆုံး​နှစ်တစ်နှစ် ဖြစ်ခဲ့​ကြောင်း​ သိရသည်။ အ​မေရိကန် အမျိုး​သား​ ရာသီဥတုဆိုင်ရာ အချက်အလက် စင်တာက ၁၈၈၀ ပြည့်​နှစ်​နောက်ပိုင်း​ ​ကောက်ခံခဲ့​သည့်​ စာရင်း​များ​အရ ၂၀၀၅ နှင့်​ ၂၀၁၀ ပြည့်​နှစ်များ​သည်

သမိုင်း​တွင် အပူဆုံး​နှစ်များ​ ဖြစ်လာ​ကြောင်း​ ​ကြေညာခဲ့​သည်။ ထို့​အပြင် ၂၀၁၀ သည် တစ်ကမ္ဘာလုံး​ အတိုင်း​အတာဖြင့်​ စိုစွတ်နှုန်း​ အမြင့်​မား​ဆုံး​လည်း​ ဖြစ်လာ​ကြောင်း​ ယင်း​စာရင်း​တွင် ​ဖော်ပြခဲ့​သည်။ ၂၀၀၅ နှင့်​ ၂၀၁၀ ပြည့်​နှစ်များ​တွင် ကမ္ဘာ့​ပျမ်း​မျှ အပူချိန်သည် ၅၈.၁၂ ဒီဂရီ ဆဲလ်ဆီး​ရပ်စ်ရှိခဲ့​ရာ ၂၀ ရာစု ပျမ်း​မျှအပူချိန် ၅၇ ဒီဂရီထက် ၁.၁၂ ဒီဂရီ ပိုမိုမြင့်​မား​လျက်ရှိသည်။ ထို့​အပြင် ၂၀၁၀ ပြည့်​နှစ် အပူချိန် မြင့်​မား​မှုသည် ၃၄ နှစ်ဆက် ပျမ်း​မျှအပူချိန်အထက် ရပ်တည်​နေမှု အဖြစ်လည်း​ မှတ်တမ်း​ဝင်သွား​စေသည်။

ယင်း​ဌာနမှ ရာသီဥတုဆိုင်ရာ ပညာရှင် တစ်ဦး​ဖြစ်​သော ​ဒေး​ဗစ်အက်စတာလင်း​က ကမ္ဘာကြီး​ အပူချိန် မြင့်​တက်လာမှု​ကြောင့်​ ကမ္ဘာ့​ရာသီဥတု ​ပြောင်း​လဲမှုများ​ ဖြစ်​ပေါ်​စေရန် သိသိသာသာ သက်​ရောက်ခဲ့​ကြောင်း​ သုံး​သပ်​ပြောဆိုခဲ့​သည်။ အ​မေရိကန် အမျိုး​သား​ အာကာသ ​အေဂျင်စီ (NASA) သည်လည်း​ ကမ္ဘာ့​မိုး​လေဝသ အစီရင်ခံစာတစ်​စောင် ထုတ်ပြန်ခဲ့​သေး​ပြီး​ ယင်း​အရလည်း​ ၂၀၀၅ နှင့်​ ၂၀၁၀ တို့​သည် အပူဆုံး​နှစ်များ​ ဖြစ်ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here