ချစ်သူ​​ဟောင်း​ကို လက်စား​​ချေ​သတ်ဖြတ်​ခဲ့​သည့်​ အမျိုး​သမီး​အား​ ဗြိတိန်​​ရဲတပ်ဖွဲ့​ ဖမ်း​ဆီး​

alt

ချစ်သူ​ဟောင်း​ကို အညှိုး​တကြီး​ လက်စား​ချေ သတ်ဖြတ်ခဲ့​သည့်​ အမျိုး​သမီး​တစ်ဦး​အား​ ဗြိတိန်ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​ထား​လိုက်​ကြောင်း​ သိရသည်။ ပြိုင်မြင်း​များ​ကို ​လေ့​ကျင့်​ပေး​နေသည့်​ အသက် ၃၇ နှစ်အရွယ် မြင်း​Trainer တစ်ဦး​ဖြစ်​သော ခရစ်စတီဝင်ဆာသည်

ချစ်သူ​ဟောင်း​ဖြစ်​သော အသက် ၄၀ အရွယ် ဥယျာဉ်မှူး​ ​ဒေး​ဗစ်လင်ဒန်ကို သတ်ပစ်ခဲ့​ပြီး​နောက် အ​လောင်း​ကို မီး​ရှို့​ဖျောက်ဖျက်ခဲ့​ကြောင်း​ ရဲများ​ကဆိုသည်။

လင်ဒန်၏ အ​လောင်း​သည် မီး​လောင်ထား​သော်လည်း​ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ​ ရှိ​နေသည်ကို ရဲများ​က စစ်​ဆေး​တွေ့​ရှိခဲ့​သည်။ လင်ဒန်၏ အ​လောင်း​ကို မီး​ရှို့​နေစဉ် ဝင်ဆာသည် ​သွေး​အေး​အေး​နှင့်​ ​စောင့်​ကြည့်​ရင်း​ ဝိုင်ကိုပင် ဇိမ်ခံ​သောက်​နေ​သေး​ကြောင်း​ သိရသည်။ ဝင်ဆာက လင်ဒန်သည် သူမအား​ စတင်တိုက်ခိုက်ခဲ့​သည်ဟု စွပ်စွဲထား​သည်။

ရဲများ​သည် လင်ဒန်၏ အနည်း​ငယ်သာ ကျန်​တော့​သော ရုပ်ကြွင်း​ကို မီး​လောင်​နေသည့်​ ကား​တာယာနှင့်​ တံခါး​ပျက်များ​ကြား​မှ ထုတ်ယူခဲ့​ရသည်။ ဝင်ဆာသည် ချစ်သူ​ဟောင်း​အား​ မီး​ရှို့​ပြီး​နောက် ရဲထံဖုန်း​ဆက်ကာ လင်ဒန်မှာ သူမ၏ ဥယျာဉ်တွင် ပြုလုပ်​နေသည့်​ မီး​ပုံပွဲအတွင်း​ မီး​ထဲခုန်ဆင်း​ကာ မိမိကိုယ်ကိုယ် ​သေ​ကြောင်း​ကြံသွား​ခဲ့​ကြောင်း​ တိုင်ကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here