ပရီး​မီး​ယား​လိဂ် ကစား​သမာတစ်ဦး​ လိင်မှု​ဆိုင်ရာ​ကိစ္စ​အတွက် ​ငွေညှစ်ခံ​နေရ

alt

နာမည်​ကျော် အင်္ဂလန် ပရီး​မီး​ယား​လိဂ် ​ဘောလုံး​ပြိုင်ပွဲမှ လူသိထင်ရှား​ ကစား​သမား​တစ်ဦး​သည် လိင်မှုဆိုင်ရာ ကိစ္စတစ်ခုအတွက် ​ငွေညှစ်ခြိမ်း​ခြောက် ခံ​နေရ​ကြောင်း​ သိရသည်။

ရဲများ​က အသက်(၂၀)​ကျော် အရွယ်ရှိ​သော အမည်မ​ဖော်ပြသူ ကြယ်ပွင့်​ကစား​သမား​သည် အမှတ်​ပေး​ဇယား​ ထိပ်ဆုံး​ ၁၀ ​နေရာတွင် စာရင်း​ဝင် ရပ်တည်​နေသည့်​ အသင်း​တစ်ခုမှဟုဆိုသည်။ ၎င်းသည် အ​မေရိကန်နိုင်ငံ၊​ လက်စ်ဗီး​ဂက်စ်သို့​ သွား​ရောက်စဉ် မိတ်​ဆွေနှစ်ဦး​နှင့်​အတူ အမျိုး​သမီး​ ၃ ဦး​နှင့်​ အ​ပျော်ဇာတ်ခင်း​ခဲ့​ရာမှ ဗီဒီယို အရိုက်ခံခဲ့​ရခြင်း​ဟု The Sun သတင်း​စာက ​ဖော်ပြခဲ့​သည်။

Blackberry ဖုန်း​တစ်လုံး​ဖြင့်​ ရိုက်ကူး​ထား​သော ဗီဒီယိုတွင် နိုင်ငံလက်​ရွေး​စင် တစ်ဦး​ဖြစ်​သော အဆိုပါ ကစား​သမား​ အကာအကွယ်အဖြစ် ကွန်ဒုံး​ဝတ်​နေသည်ကိုပင် ရှင်း​ရှင်း​လင်း​လင်း​ ​တွေ့​ရ​ကြောင်း​ The Sun ကဆိုသည်။ ယင်း​နှင့်​ ​ပျော်ပွဲဆင်ခဲ့​သည့်​ အမျိုး​သမီး​များ​အနက် တစ်ဦး​သည် ဆွီဒင်သူ အသက် ၂၅ နှစ်အရွယ် စား​ပွဲထိုး​ မယ်တစ်ဦး​ဖြစ်ပြီး​ ကျန်နှစ်ဦး​သည်လည်း​ ဆွီဒင်အမျိုး​သမီး​များ​ဟု ယင်း​ဘောလုံး​သမား​က ရဲများ​ထံ ​ပြောကြား​ခဲ့​သည်။

အဆိုပါ ​ဘောလုံး​သမား​ထံသို့​ ဗီဒီယို ​ပေး​ပို့​ပြီး​ ​ငွေညှစ်​နေသူကို ရဲတပ်ဖွဲ့​က စုံစမ်း​နေဆဲဖြစ်သည်။ အဆိုပါ ဗီဒီယိုကို ​ချောင်း​မြောင်း​ရိုက်ကူး​ထား​မှုသည် ​ဘောလုံး​သမား​နှင့်​ ​တွေ့​ဆုံခဲ့​သည့်​ အမျိုး​သမီး​သုံး​ဦး​နှင့်​ ဆက်စပ်မှု ရှိမရှိကိုမူ တိတိကျကျ မသိရ​သေး​ကြောင်း​လည်း​ The Sun သတင်း​စာက ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here