ဂျပန်နိုင်ငံတွင် အိမ်သာသုံး​ဂိမ်း​စက် တီထွင်

alt

ဂျပန်နိုင်ငံတွင် အိမ်သာသုံး​ ဂိမ်း​စက်တစ်မျိုး​အား​ ဆန်း​ဆန်း​ပြား​ပြား​ တီထွင်ထား​ကြောင်း​ သိရသည်။ Segaက ဖန်တီး​ထား​သော အဆိုပါ ဂိမ်း​သည် ကျင်ငယ်​ရေဖြင့်​ ထိန်း​ချုပ်ရသည့်​ ကစား​နည်း​ဖြစ်သည်။

သို့​သော်လည်း​ ၎င်းကို အမျိုး​သား​ အိမ်သာများ​တွင်သာ တပ်ဆင်နိုင်မည်ဖြစ်သည်။ Toylet ဟု အမည်​ပေး​ထား​သော ဂိမ်း​စက်သည် အမျိုး​သား​တစ်ဦး​ စွန့်​ထုတ်လိုက်သည့်​ ကျင်ငယ်ရည်၏ အရှိန်နှင့်​ ပြင်း​အား​တို့​ကို အသုံး​ပြုကာ အ​သေး​စား​ ဂိမ်း​ ၄ မျိုး​ကို ​ရွေး​ချယ်ထိန်း​ချုပ် ကစား​နိုင်မည်ဖြစ်သည်။ LCD အ​သေး​စား​လေး​ တစ်ခုတွင် စွန့်​ထုတ်လိုက်သည့်​ ကျင်ငယ်ရည်၏ ပြင်း​အား​၊​ အရှည်နှင့်​ တိကျမှုတို့​ကိုလည်း​ ခန့်​မှန်း​တွက်ချက် ​ဖော်ပြ​ပေး​ထား​သည်။

တိုကျိုရှိ အိမ်သာအချို့​တွင် စတင်စမ်း​သပ် တပ်ဆင်​နေသည့်​ ဂိမ်း​စက်တွင် အမျိုး​သမီး​ငယ် တစ်ဦး​၏ စကက်ကို ​လေဖြင့်​ ပင့်​မှုတ်ရသည့်​ ဂိမ်း​မျိုး​ ပါဝင်သည်။ ယင်း​လေ၏ ပြင်း​အား​နှင့်​ တိကျမှုကို ကျင်ငယ်ရည် ကျဆင်း​မှုမှ အာရုံခံ ကိရိယာက မှတ်သား​သက်​ရောက်​စေမည်ဖြစ်သည်။ အကယ်၍ ထိချက်မှန်စွာဖြင့်​ တိကျ​သော ​အောင်မြင်မှု ရရှိခဲ့​ပါက ​ကျေနပ်ဂုဏ်ယူ​နေ​သော ဂိမ်း​ကစား​သူ (ဆီး​သွား​သူ)များ​သည် ထိုဂိမ်း​ရလဒ်ကို Flash Drive များ​ဖြင့်​ Download ရယူ မှတ်သား​နိုင်သည်။ Sega ကုမ္ပဏီသည် အဆိုပါဂိမ်း​ တီထွင်မှုနှင့်​ ပတ်သက်၍ တစုံတရာ မှတ်ချက်မ​ပေး​ခဲ့​ချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here