တူနီး​ရှား​တွင် အလုပ်အကိုင်ရှား​ပါး​မှု​ကြောင့်​ ဆန္ဒပြမှုများ​ဖြစ်

alt

တူနီး​ရှား​နိုင်ငံတွင် လူငယ်များ​ အလုပ်အကိုင် ရှား​ပါး​မှု​ကြောင့်​ မ​ကျေနပ်သည့်​ ဆန္ဒပြပွဲများ​ ဆက်လက်ဖြစ်ပွား​နေရာ အစိုး​ရသည် ညမထွက်ရ အမိန့်​တစ်ခုကိုပါ ထုတ်ပြန်ထား​ရ​ကြောင်း​ သိရသည်။

ဇန်နဝါရီလ ၁၂ ရက်​နေ့​ကလည်း​ တူး​နစ်မြို့​တော်တွင် လူအများ​ဆန္ဒပြ၍ သမ္မတ ဇိုင်အယ်အဒီဘင်း​ ဘန်အလီအား​ ကန့်​ကွက်ရှုတ်ချခဲ့​သည်။ ထို့​အပြင် Facebook နှင့်​ Twitter တို့​ကဲ့​သို့​ Social Networking ဝက်ဆိုက်များ​ကို အသုံး​ပြုပြီး​ မ​ကျေနပ်ချက်များ​ကို ​ရေး​သား​ဆန္ဒပြခဲ့​ကြသည်။

ယခင်က အာရပ်ကမ္ဘာတွင် နိုင်ငံ​ရေး​ တည်ငြိမ်မှု အရှိဆုံး​ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့​သော တူနီး​ရှား​တွင် ရှား​ရှား​ပါး​ပါး​ ​ပေါ်​ပေါက်လာသည့်​ ဆန္ဒပြမှုများ​ကြောင့်​ ရဲတပ်ဖွဲ့​သည် မျက်ရည်ယိုဗုံး​များ​နှင့်​ လူစုခွဲရန် ကြိုး​ပမ်း​ခဲ့​ရသည်။ တူနီး​ရှား​ အစိုး​ရသည် အလုပ်အကိုင်သစ်များ​ ဖန်တီး​ပေး​မည်ဟု ကတိပြုခဲ့​သော်လည်း​ မ​ကျေမနပ် ဆန္ဒပြမှုများ​မှာ ​လျော့​ပါး​မသွား​သေး​ချေ။

မြို့​လယ်ရှိ ပြင်သစ်သံရုံး​အနီး​ ဆန္ဒပြသူများ​အား​ ရဲတပ်ဖွဲ့​အ​နေနှင့်​ အင်အား​သုံး​ နှိမ်နင်း​ရန် ကြိုး​ပမ်း​ခဲ့​သော်လည်း​ ပစ်ခတ်မှု မရှိ​ကြောင်း​ ​ဒေသခံ အသက် ၃၀ အရွယ် စီး​ပွား​ရေး​သမား​ တစ်ဦး​က ​ပြောကြား​ခဲ့​သည်။ အကယ်၍ မိမိတို့​၏ ပြည်သူတစ်ဦး​ကို ပစ်ခတ်မည်ဆိုပါက အလွန်ဆိုး​ရွား​ယုတ်ညံ့​သော လူသတ်သမား​များ​သာ ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ တူနီး​ရှား​ အစိုး​ရသည် ဆန္ဒပြမှုများ​ကို ရပ်ဆိုင်း​နိုင်ရန် ကြိုး​ပမ်း​နေဆဲဖြစ်ပြီး​ လက်ရှိတွင်မူ ဆန္ဒပြသူများ​အား​ ဖမ်း​ဆီး​ထိန်း​သိမ်း​ထား​ရာမှ ပြန်လွှတ်ရန် ကိစ္စကို ဆိုင်း​ငံ့​ထား​ဆဲဖြစ်သည်။

မြို့​တွင်း​ရှိ ဆန္ဒပြသူအချို့​၏ စည်း​လွတ်ဝါး​လွတ် လုပ်ရပ်များ​နှင့်​ ပတ်သက်ပြီး​ ဘန်အလီက ယင်း​သည် အကြမ်း​ဖက်မှုသာဖြစ်​ကြောင်း​ ရှုတ်ချ​ပြောဆိုခဲ့​မှုနှင့်​ ပတ်သက်၍ ဆန္ဒပြ ​ခေါင်း​ဆောင်တစ်ဦး​က မိမိတို့​သည် အကြမ်း​ဖက်သမား​များ​ မဟုတ်​ကြောင်း​၊​ ဘန်အလီနှင့်​ မိသား​စုသာ အကြမ်း​ဖက်သမား​များ​ဖြစ်​ကြောင်း​ တုန့်​ပြန်​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here