Playboy မဂ္ဂဇင်း​အား​ ဟုဂျ်ဟက်ဖနာ တစ်ဦး​​တည်း​ပိုင် ဝယ်ယူ​​တော့​မည်

alt

နာမည်​ကျော် ကာလသား​ကြိုက် မဂ္ဂဇင်း​ကြီး​ Playboy ကို ဟုဂျ်ဟက်ဖနာက တစ်ဦး​တည်း​ပိုင် ဝယ်ယူ​တော့​မည်ဟု သိရသည်။ အသက် ၈၄ နှစ်ရှိ ဘီလျံနာ သူ​ဌေး​ကြီး​သည် Playboy ၏ ရှယ်ယာအများ​ဆုံး​ကို ကိုင်​ဆောင်ထား​သူလည်း​ဖြစ်ပြီး​

၎င်းပိုင် Playboy ရှယ်ယာမှာ ရ၀ ရာခိုင်နှုန်း​ရှိသည်။ ယခုအခါ အခြား​သော ရှယ်ယာရှင်များ​ကပါ ၎င်းတို့​၏ ရှယ်ယာများ​ကို ဟက်ဖနာလက်သို့​ ​ရောင်း​ချရန် သ​ဘောတူညီခဲ့​သည့်​အတွက် စီး​ပွား​ရေး​ လုပ်ငန်း​ကြီး​ တစ်ခုသဖွယ် ဖြစ်​နေ​သော Playboy မှာ ဟက်ဖနာတစ်ဦး​တည်း​ပိုင် ဖြစ်လာ​တော့​မည်ဟု သိရသည်။

ဟက်ဖနာသည် ၁၉၅၃ ခုနှစ်က ပထမဆုံး​ Playboy စာအုပ်ကို စတင်ထုတ်​ဝေခဲ့​ပြီး​ ယ​နေ့​ဒီဂျစ်တယ်​ခေတ် ​ရောက်လာသည်အထိ အ​အောင်မြင်ဆုံး​ မဂ္ဂဇင်း​တစ်​စောင်အဖြစ် ရပ်တည်နိုင်​အောင် ဦး​ဆောင်ခဲ့​သည်။ သို့​သော်လည်း​ ပြီး​ခဲ့​သည့်​ နိုဝင်ဘာလ စာရင်း​တွင် Playboy ၏ အမြတ်​ငွေသည် လွန်ခဲ့​သော ၁ နှစ်ထက် ရ ရာခိုင်နှုန်း​ ​လျော့​ကျသွား​ပြီး​ ​ဒေါ်လာ ၅၂.၁ သန်း​သာ ရှိခဲ့​ကြောင်း​ ​ဖော်ပြထား​သည်။ မဂ္ဂဇင်း​၏ အယ်ဒီတာချုပ် တာဝန်ကို ယူထား​သည့်​ ဟက်ဖနာက ယခုသ​ဘောတူညီချက်သည် အား​လုံး​အတွက် အကျိုး​ရှိမည်ဟု ယူဆ​ကြောင်း​၊​ မဂ္ဂဇင်း​၏ Brand ကို ပြန်လည်တည်​ဆောက်ရန် စီစဉ်သွား​မည်ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

Playboy ၏ အမှတ်တံဆိပ်ဖြစ်​သော နား​ရွက်​ထောင်​နေသည့်​ ယုန်ရုပ်​လေး​သည် အမျိုး​သမီး​သုံး​ လက်ကိုင်အိတ်များ​၊​ ​နေကာမျက်မှန်များ​နှင့်​ အဝတ်အထည်များ​တွင်ပင် ​နေရာယူကာ ​ဈေး​ကွက်ဖြန့်​ကျက်လျက်ရှိသည်။ သို့​သော်လည်း​ အင်တာနက်မှ Porn ဝက်ဆိုက်များ​ အပါအဝင် အခြား​သော ယှဉ်ပြိုင်မှုများ​ကြောင့်​ Playboy အ​နေနှင့်​ ယခင်ထက် ပိုမိုရုန်း​ကန်လာ​နေရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here