ကိုယ်ပိုင်​အမှတ်​တံဆိပ် ​ရေ​မွှေး​​​အတွက် နာတာလီပို့​မင်း​ အ​ပေါ်ပိုင်း​​ဗလာ​ကျင်း​၍ ​ကြော်ငြာ​ရိုက်

alt

နာတာလီပို့​မင်း​သည် သူမ၏ ကိုယ်ပိုင်အမှတ်တံဆိပ် ​ရေ​မွှေး​ဖြစ်သည့်​ Christian Dior အတွက် အ​ပေါ်ပိုင်း​ ဗလာကျင်း​ပြီး​ ​ကြော်ငြာရိုက်ခံခဲ့​ကြောင်း​ သိရသည်။

အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး​ Black Swan ဇာတ်ကား​တွင် ပါဝင်ခဲ့​ပြီး​နောက် အမျိုး​သမီး​ ဇာတ်​ဆောင်ဆုအတွက် ဆန်ခါတင်အဆင့်​ သတ်မှတ်ခံထား​ရသည်။

ယခုအခါ ချစ်သူ ဘင်ဂျမင် မီလီပိတ်နှင့်​ ကိုယ်ဝန်ရထား​ပြီဖြစ်သည့်​ သရုပ်​ဆောင် အရည်အ​သွေး​ ပြည့်​ဝ​သော မင်း​သမီး​သည် အ​ပေါ်ပိုင်း​ အဝတ်မပါဘဲ ဓာတ်ပုံအရိုက်ခံခဲ့​သည့်​တိုင် ရင်သား​ကိုမူ လက်များ​ဖြင့်​ ကာကွယ်ထား​သည်။

ပို့​မင်း​က Black Swan ဇာတ်ကား​၏ ​အောင်မြင်မှုများ​အတွက် ​ပျော်ရွှင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ သူမသည် ယခုအခါ ဘင်ဂျမင်နှင့်​ ​စေ့​စပ်ထား​ပြီး​ မကြာမီတွင် လက်ထပ်ရန် စီစဉ်​နေ​ကြောင်း​လည်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here