ဗြိတိန်​စုံတွဲအများ​စု လိင်​ဆက်ဆံရန်​ကိစ္စအား​ ပင်ပန်း​​သည်ဟု မှတ်ယူ​လေ့​ရှိ

alt

ဗြိတိန်ရှိ စုံတွဲအများ​စုသည် လိင်ဆက်ဆံရန် ကိစ္စကို ပင်ပန်း​သည်ဟု မှတ်ယူ​လေ့​ရှိ​ကြောင်း​ သိရသည်။ ပြီး​ခဲ့​သည့်​လက ပြုလုပ်​သော စစ်တမ်း​တစ်ခုအရ ပျမ်း​မျှအား​ဖြင့်​ စုံတွဲ ၁၀ တွင် ရ တွဲသည် ယင်း​အတွက် စိတ်ထက်သန်​လေ့​ မရှိ​ကြောင်း​ သိရသည်။

အထူး​သဖြင့်​ တစ်​နေကုန် ကြာမြင့်​စွာ အလုပ်လုပ်လာရပြီး​ မိသား​စုအတွက်ပါ အိမ်မှုကိစ္စများ​ကို ​ဆောင်ရွက်ရချိန်တွင် အမျိုး​သမီး​များ​သည် လိင်ဆက်ဆံရန် အာရုံမရှိတတ်​တော့​ကြောင်း​ သိရသည်။ အတွဲရှိသူ ၃၀၀၀ ​ကျော်ကို ​မေး​မြန်း​ပြီး​ သ​ဘောထား​ ​ကောက်ခံထား​သော စစ်တမ်း​အရ ယခုရလဒ် ထွက်​ပေါ်လာခြင်း​ဖြစ်သည်။

အဓိကအား​ဖြင့်​ အလုပ်ချိန် ကြာမြင့်​ခြင်း​၊​ မိမိ၏ လက်တွဲ​ဖော်က အိပ်ရာဝင် ​နောက်ကျခြင်း​၊​ က​လေး​များ​ အိပ်ရာထ​စောခြင်း​နှင့်​ အိပ်ရာဝင်​နောက်ကျခြင်း​၊​ ​ကောင်း​မွန်စွာ အိပ်မ​ပျော်ခြင်း​နှင့်​ အခြား​သော လူမှု​ရေး​ လုပ်ငန်း​များ​တွင် အာရုံနှစ်ထား​ရခြင်း​စသည့်​ အ​ခြေအ​နေများ​သည် ​ကောင်း​မွန်​သော လိင်မှုဘဝနှင့်​ ​ဝေး​ကွာ​စေ​ကြောင်း​ Daily Mail သတင်း​စာက ​ဖော်ပြခဲ့​သည်။

စစ်တမ်း​တွင် ပါဝင်​ဖြေကြား​သူ နှစ်ဦး​လျင် တစ်ဦး​က လိင်မှုဘဝ အဆင်မ​ပြေခြင်း​ကြောင့်​ အချင်း​ချင်း​ စကား​များ​ရမှုရှိ​ကြောင်း​ ​ပြောကြား​ခဲ့​ပြီး​ ယင်း​ကိစ္စ​ကြောင့်​ လမ်း​ခွဲသည်အထိ ဖြစ်ခဲ့​ကြောင်း​ ၁၇ ရာခိုင်နှုန်း​က ​ဖြေဆိုခဲ့​သည်။ ပင်ပန်း​နွမ်း​နယ်မှုသည် လိင်မှုကိစ္စကိုသာမက အလုပ်ခွင်တွင်လည်း​ ယုတ်​လျော့​အား​နည်း​မှုများ​ ဖြစ်​ပေါ်​စေ​ကြောင်း​ အများ​စုက ​ဖြေကြား​ခဲ့​သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here