တရုတ်တွင် က​လေး​ငယ်များ​အား​ တိုက်ခိုက်မှုများ​ တိုး​ပွား​လာသဖြင့်​ GPS များ​ကို မိဘများ​သုံး​စွဲလာကြ

alt

တရုတ်နိုင်ငံတွင် က​လေး​ငယ်များ​အ​ပေါ် ပစ်မှတ်ထား​ တိုက်ခိုက်မှုများ​ တိုး​ပွား​လာခြင်း​ကြောင့်​ GPS ​ခြေရာခံ ​မြေပုံစနစ်များ​ သုံး​စွဲမှု ပြုလုပ်လာ​ကြောင်း​ သိရသည်။

မိဘများ​အ​နေနှင့်​ က​လေး​များ​၏ ခန္ဓာကိုယ်တွင် တပ်ဆင်​ပေး​ထား​သည့်​ GPS​နေရာပြ စနစ်​ကြောင့်​ သား​သမီး​များ​ မည်သည့်​နေရာသို့​ ​ရောက်ရှိ​နေသည်ကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။ ​ဘေဂျင်း​ကြက်​ခြေနီ ​ဖောင်​ဒေး​ရှင်း​က ဆဲဖုန်း​များ​တွင် ပါဝင်သည့်​ GPSကဲ့​သို့​ အသုံး​ပြနိုင်သည့်​ လက်ပတ်နာရီများ​ကို စတင်​ဝေငှ​ပေး​ခဲ့​သည်။

ယခုအခါ လက်ပတ်နာရီ အလုံး​ပေါင်း​ နှစ်​သောင်း​ကျော်ကို မူလတန်း​နှင့်​ အလယ်တန်း​အဆင့်​ က​လေး​များ​အတွက် ဖြန့်​ဝေ​ပေး​ခဲ့​ပြီး​ ​နောက်ထပ်လည်း​ တိုး​မြှင့်​ဝေငှသွား​ရန် စီစဉ်ထား​ကြောင်း​ The Global Times သတင်း​စာက ​ဖော်ပြခဲ့​သည်။ ပြီး​ခဲ့​သည့်​ နှစ်အတွင်း​ တရုတ်နိုင်ငံတွင် က​လေး​ငယ်များ​ကို ဦး​တည်တိုက်ခိုက်မှု ၁၀ ကြိမ်မျှ ဖြစ်ပွား​ခဲ့​ပြီး​ က​လေး​ငယ် ၂၀ ​သေဆုံး​ကာ ၈၀ မျှ ဒဏ်ရာရရှိခဲ့​သည်။ တရုတ်တွင် ​ကျောင်း​သူ​ကျောင်း​သား​ က​လေး​ငယ် နှစ်သိန်း​ကျော်မျှ နှစ်စဉ်​ပျောက်ဆုံး​လေ့​ရှိပြီး​ ယမန်နှစ်ကမူ အဆိုး​ဆုံး​ အ​ခြေအ​နေအဖြစ် ​ခြောက်သိန်း​ကျော် ​ပျောက်ဆုံး​ခဲ့​ကြောင်း​လည်း​ သိရသည်။

ကြက်​ခြေနီ အဖွဲ့​သည် လက်ရှိတွင် လက်ပတ်နာရီ GPS များ​ကို အခမဲ့​ တပ်ဆင်​ပေး​နေ​သော်လည်း​ လာမည့်​ ၂ နှစ်တွင် မိဘများ​ထံမှ ယွမ်​ငွေ ၈၀၀ ​ကောက်ခံရန် စီစဉ်ထား​ကြောင်း​လည်း​ သတင်း​စာက ​ရေး​သား​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here