ကာကွယ်​ရေး​​စာချုပ်အတွက် ဂျပန်နှင့်​​တောင်ကိုရီး​ယား​ ​ဆွေး​နွေး​

alt

ဂျပန်နှင့်​ ​တောင်ကိုရီး​ယား​တို့​သည် ကာကွယ်​ရေး​စာချုပ် တစ်ခုအတွက် ​ဆွေး​နွေး​မှုများ​ ပြုလုပ်​နေ​ကြောင်း​ သိရသည်။ နှစ်နိုင်ငံ ကာကွယ်​ရေး​ ဝန်ကြီး​များ​က စစ်​ရေး​ကဏ္ဍတွင် ပိုမိုနီး​စပ်​သော ပူး​ပေါင်း​ဆောင်ရွက်မှုများ​ ပြုလုပ်ရန် စီစဉ်လျက်ရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

နှစ်နိုင်ငံ ​ဆွေး​နွေး​မှု သတင်း​ကို ဇန်နဝါရီလ ၁၀ ရက်​နေ့​က ဂျပန်ကာကွယ်​ရေး​ဝန်ကြီး​ တိုရှီမီ ကီတာဇာဝါနှင့်​ ​တောင်ကိုရီး​ယား​ ကာကွယ်​ရေး​ဝန်ကြီး​ ကင်ကွမ်ဂျင်တို့​က ဆိုး​မြို့​မှတဆင့်​ အတည်ပြု ​ကြေညာခဲ့​သည်။

ယင်း​သည် ​မြောက်ကိုရီး​ယား​နှင့်​ ဆက်ဆံ​ရေး​ ​အေး​ခဲ​နေသည့်​ နိုင်ငံနှစ်ခုတို့​ ကိုရီး​ယား​ ကျွန်း​ဆွယ်တွင် မြင့်​တက်လာသည့်​ တင်း​မာမှုများ​ကို ပူး​ပေါင်း​ဖြေရှင်း​မှု ​ခြေလှမ်း​တစ်ရပ်အဖြစ်လည်း​ နိုင်ငံ​ရေး​ အကဲခတ်များ​က သုံး​သပ်ခဲ့​သည်။ နျူကလီး​ယား​လက်နက် ပိုင်ဆိုင်​သော ​မြောက်ကိုရီး​ယား​သည် ​တောင်ကိုရီး​ယား​အတွက် အကြီး​မား​ဆုံး​ ခြိမ်း​ခြောက်မှုတစ်ခု ဖြစ်​နေသလို ဂျပန်အတွက်လည်း​ ​ဒေသတွင်း​ ငြိမ်း​ချမ်း​ရေး​ကို ခြိမ်း​ခြောက်ခံ​နေရသည်။

ဂျပန်နှင့်​ ​တောင်ကိုရီး​ယား​တို့​သည် တစ်နှစ်တစ်ကြိမ် ကာကွယ်​ရေး​ဝန်ကြီး​နှင့်​ ဒုတိယဝန်ကြီး​အဆင့်​များ​ အပြန်အလှန် ​ဆွေး​နွေး​တွေ့​ဆုံရန် သ​ဘော​တူညီချက်ကိုလည်း​ ချမှတ်နိုင်ခဲ့​သည်။ အ​မေရိကန်ကမူ ယခုစာချုပ်သည် ဝါရှင်တန်၊​ တိုကျိုနှင့်​ ဆိုး​တို့​ကြား​ ပိုမိုရင်း​နှီး​နွေး​ထွေး​သော ဆက်ဆံ​ရေး​ကို ဖြစ်​ပေါ်လာ​စေမည်ဟု ​ကောင်း​ချီး​ပေး​ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here