ရေကြီး​နေသည့်​ ဩစ​တြေး​လျမှ ထူး​ခြား​မှတ်တမ်း​ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့​

alt

ဩစ​တြေး​လျနိုင်ငံ၊​ ကွင်း​စလန်ပြည်နယ်တွင် ​ရေကြီး​မှုများ​ ဖြစ်​ပေါ်​နေရာ ယင်း​ဒေသသို့​ ​ရောက်ရှိ​နေသူတစ်ဦး​သည် ထူး​ထူး​ခြား​ခြား​ မှတ်တမ်း​ဓာတ်ပုံ တစ်ခုအား​ ရိုက်ယူလာနိုင်ခဲ့​ကြောင်း​ သိရသည်။ ​

ရေကြီး​နေစဉ် အစိမ်း​ရောင် ဖား​တစ်​ကောင်သည် ​ရေကူး​သွား​သည့်​ ​မြွေတစ်​ကောင်၏ ​ကျော​ပေါ်တွင် အခန့်​သား​ထိုင်ပြီး​ လိုက်ပါသွား​ပုံကို ကွန်ပျူတာ ပညာရှင် တစ်ဦး​ဖြစ်သူ အာမင်ဂါး​လက်ချ်က အမှတ်မထင် ဓာတ်ပုံရိုက်ယူနိုင်ခဲ့​သည်။ ပြည်နယ်၏ အ​ရှေ့​တောင်ပိုင်း​ရှိ ဒယ်ဘီတွင် ယင်း​မြင်ကွင်း​ကို ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က ​တွေ့​ရှိခဲ့​စဉ် မိမိမျက်လုံး​ကိုပင် မယုံနိုင်​အောင် ဖြစ်ခဲ့​ကြောင်း​ ဂါး​လက်ချ်ကဆိုသည်။

သာမန်အား​ဖြင့်​ ဖား​များ​သည် ​မြွေတို့​၏ အစာသာ ဖြစ်​လေ့​ရှိ​သော်လည်း​ ယင်း​ဖြစ်စဉ်တွင်မူ အလွန်ထူး​ခြား​သော အ​ခြေအ​နေမျိုး​ဖြစ်​ကြောင်း​ ဂါး​လက်ချ်က ​ပြောကြား​ခဲ့​သည်။ သို့​သော်လည်း​ ယခင်က ​ရေကြီး​မှုများ​ ​တွေ့​ကြံဖူး​သူ မိတ်​ဆွေတစ်ဦး​က ရန်သူဖြစ်​နေ​သော တိရစ္ဆာန်များ​ပင်လျင် ယင်း​ကဲ့​သို့​ အ​ရေး​ကြံုသည့်​အခါ တစ်​ကောင်နှင့်​တစ်​ကောင် ရန်မူ​လေ့​မရှိ​ကြောင်း​ ရှင်း​ပြခဲ့​သည်ဟု ဂါး​လက်ချ်က Nineman သတင်း​ဌာနသို့​ ​ပြောဆိုသွား​သည်။

အဆိုပါ ​မြွေနှင့်​ဖား​ကို အတူ​တွေ့​သည့်​ ​နေရာတွင် ​ရေအမြင့်​ ၄၇ စင်တီမီတာထိ တက်ခဲ့​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here