နှစ်​ပေါင်း​ ၆၀၀၀ သက်တမ်း​ရှိ ဝိုင်လုပ်ငန်း​နေရာ​ဟောင်း​ ရှာ​ဖွေ​တွေ့​ရှိ

alt

အာ​မေး​နီး​ယား​ နိုင်ငံတွင် နှစ်​ပေါင်း​ ၆၀၀၀ မျှ သက်တမ်း​ရှိပြီဖြစ်​သော ဝိုင်လုပ်ငန်း​ ​နေရာ​ဟောင်း​ တစ်ခုအား​ ရှာ​ဖွေ​တွေ့​ရှိခဲ့​ကြောင်း​ သိရသည်။ အာ​မေး​နီး​ယား​ ​တောင်တန်း​များ​ကြား​ရှိ ​ကျောက်ဂူတစ်ခုတွင်

စပျစ်သီး​ ထည့်​ခဲ့​သည့်​ စည်တစ်ခု၊​ ကရား​များ​၊​ ခွက်နှင့်​ ပန်း​ကန်လုံး​များ​အား​ ​တွေ့​ရှိခဲ့​ပြီး​ ယင်း​တို့​ကို လွန်ခဲ့​သော နှစ်​ပေါင်း​ ၆၀၀၀ ခန့်​က သုံး​စွဲခဲ့​ခြင်း​ဖြစ်​ကြောင်း​ သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။

ယင်း​သည် ဝိုင်အရက် ​သောက်သုံး​မှုကို အလွန်​စောစီး​စွာ ပြုလုပ်ခဲ့​ကြောင်း​ ​နောက်ထပ်သု​တေသန ရလဒ်သစ်လည်း​ ဖြစ်လာသည်ဟု အ​မေရိကန်နိုင်ငံ၊​ ​လော့​စ်အိန်ဂျယ်လိစ်မြို့​၊​ ကယ်လီဖိုး​နီး​ယား​ တက္ကသိုလ်မှ ​ဒေါက်တာ ဂရီ​ဂေါ်ရီ အာရီရှိန်က ​ပြောကြား​ခဲ့​သည်။ National Geographic က အဆိုပါ ဝိုင်လုပ်ငန်း​ ​နေရာ​ဟောင်း​ ​ဖော်ထုတ်​တွေ့​ရှိမှု သတင်း​ကို ဇန်နဝါရီလ ၁၁ ရက်​နေ့​က ​ဖော်ပြခဲ့​သည်။ အာ​မေး​နီး​ယား​ရှိ အဆိုပါ ​ဒေသအနီး​တွင် ယခင်ကလည်း​ သက်တမ်း​ နှစ်​ပေါင်း​ ၅၅၀၀ ဝန်း​ကျင် သက်တမ်း​ရှိသည့်​ ဝိုင်လုပ်ငန်း​ ​နေရာ​ဟောင်း​ တစ်ခုကို ​တွေ့​ရှိခဲ့​ဖူး​သည်။

မှတ်တမ်း​များ​အရ အီဂျစ်​ရှေး​ဟောင်း​ဘုရင် စ​ကော်ပီယန် ၁ လက်ထက် လွန်ခဲ့​သော နှစ်​ပေါင်း​ ၅၁၀၀ ဝန်း​ကျင်က ဝိုင်အရက် ​သောက်သုံး​မှု စတင်​နေပြီဖြစ်​ကြောင်း​ သိရသည်။ သို့​သော်လည်း​ နိုင်း​မြစ်ဝှမ်း​ဒေသတွင် ဝိုင်အရက်ကို ​ပေါ​ပေါများ​များ​ ​သောက်သုံး​ခဲ့​ခြင်း​သည် ​ရှေး​အကျဆုံး​ အ​ထောက်အထား​ မဟုတ်နိုင်​သေး​ဟု သု​တေသီများ​က ခန့်​မှန်း​လျက်ရှိ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here