ချစ်သူနှင့်​ လမ်း​ခွဲလိုက်သည့်​ ရှာကီယာ

alt

ရှာကီယာတစ်​ယောက် သူမနှင့်​ ကာလကြာရှည် တွဲ​နေသည့်​ ချစ်သူနှင့်​ လမ်း​ခွဲခဲ့​ပြီဟု သိရသည်။ သူမ၏ တရား​ဝင် ဝက်ဆိုက်တွင် အာဂျင်တီး​နား​ နိုင်ငံသား​ အန်တိုနီယို ဒီလာရူနှင့်​ လမ်း​ခွဲ​ကြောင်း​ သတင်း​ကို ကိုလံဘီယာသူ Pop အဆို​တော်က ​ရေး​သား​ ဖော်ပြထား​သည်။

Waka Waka: This time for Africa စတား​ အဆို​တော်က သူမတို့​နှစ်ဦး​ တသီး​တခြား​ ​နေထိုင်ရန် ဆုံး​ဖြတ်ထား​ကြောင်း​ ပရိသတ်ကို အသိ​ပေး​ခဲ့​သော်လည်း​ အ​သေး​စိတ် အချက်အလက်များ​ကိုမူ ​ဖော်ပြခဲ့​ခြင်း​မရှိ​ချေ။ ၂၀၁၀ ခုနှစ်၊​ ဩဂုတ်လကတည်း​က အန်တိုနီယိုနှင့်​ အမြင်ကွဲပြား​မှုများ​ကြောင့်​ မိမိတို့​ချင်း​ ခွဲ​နေရန် ဆုံး​ဖြတ်ခဲ့​ကြောင်း​ ရှာကီယာက ​ရေး​သား​ခဲ့​သည်။ အန်တိုနီယိုနှင့်​ ချစ်သူအဖြစ်မှ ပြတ်စဲရန် ဆူံး​ ဖြတ်ခဲ့​သော်လည်း​ အလုပ်အကိုင်နှင့်​ ပတ်သက်၍ ယခင်အတိုင်း​ ဆက်ဆံပြီး​ လက်တွဲ​ဆောင်ရွက်သွား​မည်ဟု ရှာကီယာကဆိုသည်။

အန်တိုနီယိုသည် အာဂျင်တီး​နား​ သမ္မတ​ဟောင်း​ တစ်ဦး​၏ သား​လည်း​ဖြစ်သည်။ ရှာကီယာတို့​ စုံတွဲနှင့်​ နီး​စပ်သူတစ်ဦး​က ယင်း​တို့​နှစ်ဦး​လုံး​ လက်ရှိတွင် ပြင်သစ်နိုင်ငံ၊​ ပဲရစ်မြို့​သို့​ အတူတကွ ​ရောက်ရှိ​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here