အ​မေရိကန်တွင် သူလျှိုလုပ်ခဲ့​သည့်​ ရုရှား​စပိုင် အန်နာချပ်မင်း​ ကိုယ်ပိုင် TV အစီအစဉ်ထုတ်လွှင့်​မည်

alt

အ​မေရိကန်သို့​ ဝင်​ရောက်​​ထောက်လှမ်း​မှု ​ပေါ်​ပေါက်ခဲ့​​ပြီး​နောက် ကမ္ဘာ​ကျော်ခဲ့​သည့်​ ညှို့​အား​ပြင်း​ သူလျှို​အမျိုး​သမီး​ အန်နာချပ်မင်း​သည် ယခုအခါ ကိုယ်ပိုင် TV အစီအစဉ်​တစ်ခု ထူ​ထောင်​လိုက်​ကြောင်း​ သိရသည်။

ရုရှား​​ဝန်ကြီး​ချုပ် ဗလာဒီမာ ပူတင်၏ ဂုဏ်ထူး​ ဆောင် လူငယ်အဖွဲ့​တွင် ပါဝင်​ခွင့်​ ရထား​သည့်​ အန်နာ၏ အစီအစဉ်ကို လာမည့်​​သီတင်း​ပါတ်တွင် စတင်​ထုတ်လွှင့်​မည်ဖြစ်​ကြောင်း​ ရုရှား​ ရုပ်မြင်သံကြား​ဌာန REN-TV မှ ​ပြော​ရေး​​ဆိုခွင့်​ရ အမျိုး​သမီး​က​ဆိုသည်။ သူမ​​အ​နေနှင့်​ အပါတ်စဉ် ရုပ်မြင်​သံကြား​ အစီအစဉ် တစ်ခုကို တင်ဆက်​သွား​မည်​ဟု သိရသည်။

အသက် ၂၈ နှစ်ရှိ အန်နာသည် အ​မေရိကန်သို့​ ထိုး​ဖောက်​ဝင်​ရောက်ခဲ့​သော ရုရှား​​အေး​ဂျင့်​များ​အနက် တစ်ဦး​ ဖြစ်ပြီး​ ပြီး​ခဲ့​သော ​နွေရာသီက ယင်း​တို့​အား​ ဖမ်း​ဆီး​​မိချိန်တွင် သူမ၏ အလှအပ​ကြောင့်​ မီဒီယာကြိုက် နာမည်ကြီး​ ကြယ်ပွင့်​​တစ်ဦး​ ဖြစ်လာသည်။ သူမသည် ယမန်နှစ် ဇူလိုင်လက အ​မေရိကန်မှ ပြန်လာပြီး​နောက် ရုရှား​​ဝန်ကြီး​ချုပ်နှင့်​ ​တွေ့​ဆုံခွင့်​ ရခဲ့​ပြီး​ ပူတင်၏ ဂုဏ်ထူး​ဆောင် လူငယ်​အဖွဲ့​ ဖြစ်သည့်​ လူငယ်​လုံခြံု​ရေး​ အဖွဲ့​ဝင်​တစ်ဦး​ ဖြစ်လာခဲ့​သည်။

အန်နာသည် မကြာ​သေး​မီက Risque မဂ္ဂဇင်း​ မျက်နှာဖုံး​အတွက် ဓာတ်ပုံအရိုက်ခံခဲ့​ သော်လည်း​ မဂ္ဂဇင်း​ အင်တာဗျူး​တွင် သူလျှိုဘဝ အ​တွေ့​အကြံုများ​နှင့်​ ပတ်သက်ပြီး​ ပြန်လည်​ပြောပြရန်မူ ငြင်း​ဆိုသွား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here