မိုက်ကယ်ဂျက်ဆင်၏ ဆရာဝန်အား​ ​ဆေး​ဝါး​ကုသမှုလိုင်စင် ဆိုင်း​ငံထား​

alt

မိုက်ကယ်ဂျက်ဆင်၏ မိသား​ဆရာဝန်အား​ တရား​ရုံး​တစ်ခုက ​ဆေး​ဝါး​ကုသမှု လိုင်စင်ကို ဆိုင်း​ငံ့​စေလိုက်​ကြောင်း​ သိရသည်။ ​ ဒေါက်တာကွန်း​ရက်မာ​ရေး​သည် နာမည်​ကျော် Pop ဘုရင်ကြီး​ ကွယ်လွန်ချိန်က အနီး​ကပ် ရှိ​နေခဲ့​ပြီး​

Propofol ​ဆေး​ဝါး​ကို ဂျက်ဆင်အလွန်အကျွံ သုံး​စွဲ​အောင် ညွှန်ကြား​ခဲ့​ကြောင်း​ စွပ်စွဲမှုများ​ကြောင့်​ လူ​သေ​စေမှုနှင့်​ တရား​ရင်ဆိုင်​နေရသည်။ ​လော့​စ်အိန်ဂျယ်လိစ် တရား​သူကြီး​ မိုက်ကယ်ပက်စတာက ယခုအခါ ​ဒေါက်တာမာ​ရေး​၏ ​ဆေး​ဝါး​ကုသခွင့်​ လိုင်စင်ကို အမှုတစ်ခုလုံး​ ရှင်း​ရှင်း​လင်း​လင်း​ ပြီး​ဆုံး​ချိန်အထိ ဆိုင်း​ငံ့​ထား​ ကြောင်း​ ​ပြောကြား​ခဲ့​သည်။

အသက် ၅၇ နှစ်ရှိ ​ဒေါက်တာမာ​ရေး​အ​နေနှင့်​ ၂၀၀၉ ခုနှစ်၊​ ဇွန်လ ၂၅ ရက်​နေ့​က ကွယ်လွန်ခဲ့​သည့်​ ဂျက်ဆင်၏ ကိစ္စအတွက် ​လော့​စ်အိန်ဂျယ်လိစ် တရား​ရုံး​တွင် စစ်​ဆေး​ခံမည်ဖြစ်သည်။ ​ဒေါက်တာမာ​ရေး​အား​ ဇန်နဝါရီလ ၂၅ ရက်​နေ့​တွင် ရုံး​ချိန်​ခေါ်ထား​ သည်။

​ဒေါက်တာမာ​ရေး​သည် ကန့်​သတ်​ဆေး​ဝါး​ တစ်မျိုး​ဖြစ်​သော Propofol အမည်ရှိ နာကျင်ကိုက်ခဲမှု သက်သာ​စေ​သော ​ဆေး​ဝါး​ကို ဂျက်ဆင်အား​ အလွန်အကျွံ သုံး​စွဲခွင့်​ ​ပေး​ခဲ့​ကြောင်း​ စွပ်စွဲခံထား​ရ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here