မိနစ် ၃၀ ကြာ ရုပ်ရှင်အား​ ​တောင်ကိုရီး​ယား​ ဒါရိုက်တာ iPhone ကင်မရာ အသုံး​ပြုရိုက်ကူး​

alt

​တောင်ကိုရီး​ယား​နိုင်ငံမှ ဒါရိုက်တာ တစ်ဦး​သည် မိနစ် ၃၀ ကြာ ရုပ်ရှင်တစ်ခုကို iPhone ကင်မရာ တစ်ခုတည်း​ကိုသာ အသုံး​ပြု ရိုက်ကူး​ထား​ကြောင်း​ သိရသည်။ ​တောင်ကိုရီး​ယား​ နာမည်​ကျော် ဇာတ်ကား​ဖြစ်သည့်​ Oldboy ကို ဖန်တီး​ခဲ့​သူ ပတ်ချန်ဝုက

ဇာတ်ကား​သစ် Night Fishing ကို Apple ထုတ် iPhone 4 မှ ကင်မရာဖြင့်​ ၁၀ ရက်အချိန်ယူကာ ရိုက်ကူး​ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယင်း​ဇာတ်ကား​အတွက် လူအင်အား​ ၈၀ ထိ သုံး​စွဲခဲ့​ကြောင်း​လည်း​ ပတ်ကဆိုသည်။

ယင်း​ဇာတ်လမ်း​သည် တံငါသည် တစ်ဦး​နှင့်​ အမျိုး​သမီး​ နတ်ဝင်သည် တစ်ဦး​တို့​အ​ ကြောင်း​ ရိုက်ကူး​ထား​ခြင်း​ဖြစ်ပြီး​ မကြာမီ ရက်ပိုင်း​အတွင်း​ ကန့်​သတ်ထား​သည့်​ ရုပ်ရှင်ရုံ အချို့​တွင်သာ ပြသရန် စီစဉ်ထား​ကြောင်း​ ပတ်က ​ ပြောဆိုသွား​သည်။ ထိုဇာတ်ကား​သည် နာမည်​ကျော် ရုပ်ရှင်မင်း​သား​များ​ ငှား​ရမ်း​ရန် ခက်ခဲသည့်​ ကုမ္ပဏီငယ်များ​အတွက် စံပြု​လောက်စရာ ဖြစ်လာမည်ဟုလည်း​ ၎င်းက မှတ်ချက်ပြုခဲ့​သည်။

iPhone ကင်မရာဖြင့်​ အရည်အ​သွေး​ အလွန်မြင့်​မား​သည့်​ ဇာတ်ကား​များ​ ရိုက်ကူး​ရန် ခဲယဉ်း​ သည့်​တိုင် သာမန်ဇာတ်လမ်း​တစ်ခုမျှကို အ​ကောင်း​ဆုံး​ ဖန်တီး​နိုင်​ကြောင်း​လည်း​ ၎င်းက ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here