ဖာရာရီပြိုင်ကား​မောင်း​အသင်း​တွင် ​ခေါင်း​ဆောင်ပိုင်း​ အ​ပြောင်း​အလဲဖြစ်လာနိုင်

alt

​ဖော်မြူလာဝမ်း​ ကား​မောင်း​ပြိုင်ပွဲဝင် ဖာရာရီ ကား​အသင်း​သည် ​ခေါင်း​ဆောင်ပိုင်း​ အ​ပြောင်း​အလဲ ဖြစ်လာဖွယ် ရှိ​နေ​ကြောင်း​ သိရသည်။ ၂၀၁၀ ပြည့်​နှစ် ​ဖော်မြူလာဝမ်း​ ကမ္ဘာ့​ချန်ပီယံ ပြိုင်ပွဲတွင် အီတလီအ​ခြေစိုက်

ကား​အသင်း​ကြီး​၏ ​အောင်မြင်မှု ကင်း​မဲ့​သော အ​ခြေအ​နေများ​ကြောင့်​ ဒါရိုက်တာ စတီဖာနို ဒိုမစ်နီဆယ်လီ ရာထူး​မှ နှုတ်ထွက်ရဖွယ် ရှိ​နေသည်။ နည်း​စနစ် ညွှန်ကြား​ရေး​မှူး​ အယ်ဒို​ကော်စတာလည်း​ အလား​အလာ မ​ကောင်း​ကြောင်း​ သိရသည်။ ဖာရာရီသည် အဘူဒါဘီ ဂရင်း​ပရီ ပြိုင်ပွဲ​နောက်ပိုင်း​ အ​ပြောင်း​အလဲများ​အတွက် စဉ်း​စား​လာခြင်း​ ဖြစ်သည်။

ထိုစဉ်က ဖာရာရီအ​နေနှင့်​ ၎င်းတို့​၏ ပြိုင်ကား​မောင်း​သမား​ ဖာနန်ဒို အလွန်ဆိုအတွက် အကြီး​အကျယ် ​မျှော်လင့်​ခဲ့​သော်လည်း​ ရက်ဘူး​အသင်း​မှ ဆီဘက်စတီယန် ဗက်တဲက ကမ္ဘာ့​ချန်ပီယံဆုကို ဆွတ်ခူး​ရယူနိုင်ခဲ့​သည်။ ထို့​နောက်ပိုင်း​ ဖာရာရီ၏ နည်း​စနစ်ဆိုင်ရာ အား​နည်း​ မှုများ​အ​ပေါ် ​ဝေဖန်မှုများ​ တစထက်တစ ကျယ်​လောင်လာခဲ့​သည်။ ဒိုမစ်နီဆယ်လီ အ​နေနှင့်​ အ​ပြောင်း​အလဲများ​ကို မကြာမီ ​ကြေညာဖွယ်ရှိပြီး​ အသင်း​၏ အဓိက ကား​မောင်း​သမား​ နှစ်ဦး​ဖြစ်​သော အလွန်ဆို၊​ ဖီလစ်ပီ မက်ဆာတို့​နှင့်​လည်း​ ​ဆွေး​နွေး​သွား​မည်ဖြစ်သည်။

အသင်း​၏ ​ပြေး​ လမ်း​အင်ဂျင်နီယာ ခရစ်ဒိုင်ယာက ဖာရာရီအ​နေနှင့်​ အဘူဒါဘီ ပြိုင်ပွဲတွင် အား​နည်း​ချက်များ​စွာ ရှိခဲ့​ကြောင်း​ ပွင့်​ပွင့်​လင်း​လင်း​ ​ဝေဖန်ခဲ့​ပြီး​နောက် ဖာရာရီ၏ ပရိသတ်များ​က အသင်း​၏ ရပ်တည်ချက်နှင့်​ ပတ်သက်၍ ပိုမိုထိုး​နှက်ခဲ့​ကြောင်း​လည်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here