တရုတ်​နိုင်ငံ၏ ပထမ​ဆုံး​ အသံ​တိတ်​ဂျက်​တိုက်​လေယာဉ်အား​ ပထမဆုံး​​အကြိမ် စမ်း​သပ်​​​မောင်း​နှင်

alt

တရုတ်နိုင်ငံ၏ ပထမဆုံး​ အသံတိတ် ဂျက်တိုက်​လေယာဉ်ကို စွမ်း​အင်ပြည့်​ ပထမဆုံး​အကြိမ် စမ်း​သပ်​မောင်း​နှင်ခဲ့​ကြောင်း​ သိရသည်။ J-20 တိုက်​လေယာဉ်သည် ​ရေဒါဖြင့်​ ​ထောက်လှမ်း​မှုကို ​ရှောင်တိမ်း​နိုင်စွမ်း​ ရှိမည်ဖြစ်ပြီး​

တရုတ်၏ စစ်လက်နက် နည်း​ပညာ တိုး​တက်မှု မှတ်တမ်း​တွင် ဂုဏ်ယူ​လောက်ဖွယ် ​အောင်မြင်မှု တစ်ခုဖြစ်လာသည်။ မျိုး​စပ်နည်း​ပညာသုံး​ တိုက်​လေယာဉ်သည် နိုင်ငံအ​နောက်​တောင်ပိုင်း​ ချန်ဒူရှိ ​လေဆိပ်တစ်ခုမှ ၁၅ မိနစ်ကြာ ပျံသန်း​မှု ပြုလုပ်ခဲ့​ခြင်း​ဖြစ်သည်။

တရုတ်စစ်ဖက် တရား​ဝင် ဝက်ဆိုက်က အဆိုပါ​လေယာဉ် ဆင်း​ သက်လာစဉ် ဝိုင်း​အုံ​နေသည့်​ အရပ်ဝတ် အမှုထမ်း​များ​၏ ပုံကိုလည်း​ ​ဖော်ပြခဲ့​သည်။ ​လေယာဉ်ပျံသန်း​စဉ် ယခင်က တရုတ်၏ ပထမဆုံး​ ကိုယ်ပိုင်ဂျက်တိုက်​လေယာဉ်အဖြစ် မှတ်တမ်း​ဝင်ခဲ့​သည့်​ J-10တစ်စင်း​က ​နောက်​ယောက်ခံ ​လေယာဉ်အဖြစ် လိုက်ပါ ​ဆောင်ရွက်​နေခဲ့​သည်။ တရုတ်စစ်ဖက်သည် အဆိုပါ​လေယာဉ်နှင့်​ ပတ်သက်​သော ဓာတ်ပုံများ​ အင်တာနက်တွင် ပျံ့​နှံ့​နေ​သော်လည်း​ ယင်း​ကို ထိန်း​ချုပ်ရန် ဆန္ဒရှိပုံ မ​ပေါ်​ချေ။

တရုတ်စစ်ဖက်သည် J-20 ကို ကမ္ဘာ​ကျော် အသံတိတ် ဂျက်​လေယာဉ်များ​ ဖြစ်ကြ​သော အ​မေရိကန် စစ်ဖက်သုံး​ F-22 Raptor နှင့်​ ဥ​ ရောပယူနီယံ၏ F-35 Eurofighter တို့​အား​ ယှဉ်ပြိုင်သွား​နိုင်ရန် ​မျှော်လင့်​နေသည်။ တရုတ်နှင့်​ ဆက်ဆံ​ရေး​ တင်း​မာမှုများ​ ရှိ​နေ​သော ထိုင်ဝမ်အ​ နေနှင့်​မူ ယင်း​သတင်း​အတွက် စိုး​ရိမ်စရာ ဖြစ်လာခဲ့​သည်။ ထိုင်ဝမ်သည် သက်တမ်း​ရင့်​ F-16 များ​ကိုသာ အဓိက အား​ပြု​နေရာ J-20သည် နည်း​ ပညာပိုင်း​ ကြီး​ကြီး​မား​မား​ သာလွန်လာဖွယ် ရှိ​နေသည်။ ထို့​အပြင် J-20 သည် အ​မေရိကန်နှင့်​ ရုရှား​လုပ် တိုက်​လေယာဉ်များ​ထက် လက်နက်ပမာဏ ပိုမိုတင်​ဆောင်နိုင်ပြီး​ ခရီး​ပိုမိုရှည်ကြာစွာ ပျံသန်း​နိုင်မည်ဟု ယူဆမှုများ​လည်း​ ရှိ​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here