ဩစ​တြေး​နိုင်ငံ ကွင်း​စလန်း​ပြည်နယ်တွင် ​ရေကြီး​မှုဆိုး​ရွား​

alt

ဩစ​တြေး​လျနိုင်ငံ၊​ ကွင်း​စလန်ပြည်နယ်တွင် ဆိုး​ဆိုး​ရွား​ရွား​ ​ရေကြီး​မှုများ​ ဖြစ်​ပေါ်​နေခြင်း​ကြောင့်​ လူ​ပေါင်း​များ​စွာကို အ​ရေး​ ပေါ် ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရ​ကြောင်း​ သိရသည်။

ဇန်နဝါရီ ၁၀ ရက်​နေ့​က မိုး​သည်း​ထန်မှု​ကြောင့်​ အချို့​နေရာများ​တွင် ​ရေအမြင့်​ ၂၆ ​ပေထိ ရှိလာရာ လူ​ပေါင်း​များ​စွာ အထပ်မြင့်​များ​သို့​ ​ပြောင်း​ရွှေ့​ခဲ့​ရသည်။ အနည်း​ဆုံး​ လူ​ပေါင်း​ ၈ ဦး​မျှ ​သေဆုံး​ခဲ့​ပြီး​ ဒါဇင်​ပေါင်း​များ​စွာ ​ပျောက်ဆုံး​လျက်ရှိသည်။ ပြည်နယ်မြို့​တော် ဘရစ်စဘိန်း​နှင့်​ အတန်ငယ်မျှ ကွာ​ဝေး​သော တူဝမ်ဘာတွင် အဆိုး​ဆုံး​ဖြစ်ပြီး​ အ​ဆောက်အအုံ ၆၅၀၀ ​ကျော်​ရေလွှမ်း​မိုး​ခဲ့​သည်။ ကယ်ဆယ်​ရေး​တပ်ဖွဲ့​သည် လူ​ပေါင်း​ ၄၀ ​ကျော်ကို အိမ်အမိုး​များ​ပေါ်မှ ရဟတ်ယာဉ်များ​ဖြင့်​ ကယ်ဆယ်ခဲ့​ရသည်။

ပြည်နယ်အုပ်ချုပ်​ရေး​မှူး​ အန်နာဘလင်း​က ပြည်နယ်အတွင်း​ ​ရေလွှမ်း​မိုး​သည့်​ ကာလများ​ကို အ​မှောင်နာရီများ​ဟု ကင်ပွန်း​တပ်ခဲ့​သည်။ ​ရေလွှမ်း​မိုး​မှုကို ပြည်နယ်အတွင်း​ရှိ လူ​ပေါင်း​နှစ်သိန်း​ကျော် ခံစား​ခဲ့​ရသည်။ ဘရစ်စဘိန်း​တွင် သဲအိတ်များ​ချကာ ​ရေတက်လာမှုကို ကာကွယ်တား​ဆီး​လျက်ရှိသည်။ ရာသီဥတု ပညာရှင်များ​က ​နောက်ထပ်မိုး​ပိုများ​မည်ဟု ခန့်​မှန်း​ထား​သလို အနီး​ရှိ နယူး​ဆောက်​ဝေး​တွင်လည်း​ ​ရေကြီး​မှုများ​ ဖြစ်​ပေါ်​နေ​ကြောင်း​ သိရသည်။

ဝန်ကြီး​ချုပ် ဂျူလီယာ ဂီး​လက်က ယခု​ရေကြီး​မှုများ​ အပြည့်​အဝ ပြန်လည်နာလံထူရန် ကာလရှည်ကြာစွာ အချိန်ယူရဖွယ်ရှိ​ကြောင်း​ သတိ​ပေး​ ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here