က​နေဒါနိုင်ငံမှ အသက်အငယ်ဆုံး​ ရင်သား​ကင်ဆာ ​ဝေဒနာရှင်

alt

က​နေဒါနိုင်ငံမှ အသက် ၃ နှစ်အရွယ် မိန်း​က​လေး​ အလီရှာနီဟန်း​တား​သည် အသက်အငယ်ဆုံး​ ရင်သား​ကင်ဆာ ​ ဝေဒနာသည်​လေး​အဖြစ် မလိုလား​အပ်​သော စံချိန်ကို ရရှိလာ​ကြောင်း​ သိရသည်။

မိခင်ဖြစ်သူ မယ်လီနာ ဟန်း​တား​သည် သူမ၏ သမီး​လေး​ ရင်ဘတ်တွင် အကြိတ်အခဲ တစ်ခုအား​ စမ်း​သပ်​တွေ့​ရှိပြီး​နောက် စစ်​ဆေး​မှု ခံယူခဲ့​ရာမှ ကင်ဆာ​ရောဂါကို စတင်သိရှိလာခြင်း​ဖြစ်သည်။ ပဲ​စေ့​ အရွယ်မျှသာ ရှိ​နေ​သော အဖု​လေး​သည် သာမန် အန္တရာယ် မရှိ​သော အကြိတ်​လေး​တစ်ခုအဖြစ်သာ သူမအ​နေနှင့်​ ယူဆခဲ့​ကြောင်း​ မယ်လီနာကဆိုသည်။ ​ဆေး​ရုံတွင် စစ်​ဆေး​မှုများ​ ပြုလုပ်ပြီး​နောက် အဆိုပါ အကြိတ်သည် ကင်ဆာကြိတ်မှန်း​ အတည်ပြု ​ဖော်ထုတ်လာနိုင်ခဲ့​သည်။

က​လေး​မ​လေး​သည် အကြိတ်မှ နာကျင်မှုကို ခံစား​ရသည့်​အခါ အိပ်၍ပင် မ​ပျော်နိုင်​ကြောင်း​လည်း​ သိရသည်။ သို့​သော်လည်း​ အလီရှာသည် ကံ​ ကောင်း​ထောက်မစွာဖြင့်​ အကြိတ်မှ ကင်ဆာဆဲလ်များ​ မပျံ့​နှံ့​မီ ​ဆေး​ရုံသို့​ ​ရောက်ရှိလာနိုင်ခဲ့​သည်။ သူမသည် ​ရေဒီယိုကုထုံး​ကဲ့​သို့​ ပြင်း​ထန်ပြီး​ ​ ဘေး​ထွက်ဆိုး​ကျိုး​များ​ရှိသည့်​ ကုထုံး​မျိုး​ဖြင့်​ ကုသန်ရန် လိုအပ်မည် မဟုတ်​ချေ။

မယ်လီနာက သမီး​တွင် ကင်ဆာဖြစ်​နေသည်ဆိုခြင်း​ကို ယုံပင်မယုံနိုင်​ကြောင်း​ ထုတ်​ဖော်​ပြောကြား​ခဲ့​သည်။ သူမအ​နေနှင့်​ လိုအပ်​သော ကုသမှုအချို့​ ခံယူပြီး​နောက် အနာသက်သာလာ​ကြောင်း​လည်း​ က​လေး​မ​လေး​က ​ပြောကြား​ခဲ့​သည်။ မယ်လီနာက အသိ​စောခြင်း​ကြောင့်​ ​စောစီး​စွာ ​ဆေး​ဝါး​ကုသခွင့်​ ရခဲ့​ခြင်း​အတွက် ဘုရား​သခင်ကို ​ကျေး​ဇူး​ တင်မိ​ကြောင်း​လည်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here