အာဖဂန်နစ္စတန်တွင် အ​သေခံ​ဗုံး​ခွဲမှုဖြစ်ပွား​

alt

အာဖဂန်နစ္စတန်နိုင်ငံ၊​ ကဘူး​မြို့​တွင် အ​သေခံ ဗုံး​ခွဲမှု တစ်ခု​ကြောင့်​ လူ ၃ ဦး​ ​သေဆုံး​ခဲ့​ကြောင်း​ သိရသည်။ ဇန်နဝါရီ ၁၂ ရက်​ နေ့​ နံနက်ပိုင်း​က လူစည်ကား​သော ​နေရာတစ်ခုတွင် အ​သေခံ ဗုံး​သမား​တစ်ဦး​ မိမိကိုယ်ကိုယ် ​ဖောက်ခွဲခဲ့​ရာ

၎င်းအပါအဝင် လူ ၃ ဦး​ ​သေဆုံး​ပြီး​ ၂၉ ဦး​ ဒဏ်ရာများ​ ရရှိသွား​ကြောင်း​ အာဖဂန် အာဏာပိုင် တစ်ဦး​က ​ပြောကြား​ခဲ့​သည်။ အနီး​ရှိ အစ်တက်ကွယ် ​ဆေး​ရုံသို့​ ဒဏ်ရာရသူများ​ကို အ​ရေး​ပေါ် တင်ပို့​ခဲ့​ကြောင်း​ ပြည်သူ့​ကျန်း​မာ​ရေး​ ဝန်ကြီး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ဂူလမ်ရှာကီ ကာဂါ​နော်ရိုဂီက ​ပြောကြား​ခဲ့​သည်။

ဗုံး​ခွဲမှု​ ကြောင့်​ အနီး​မှ ဖြတ်သွား​သည့်​ ဘတ်စ်ကား​ တစ်စင်း​ရှိ ဒရိုင်ဗာပါ ဒဏ်ရာရခဲ့​ကြောင်း​ သိရသည်။ အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်း​က ယခုလုပ်ရပ်သည် အကြမ်း​ဖက်မှု တစ်ခုအဖြစ် ပြင်း​ပြင်း​ထန်ထန် ရှုတ်ချခဲ့​သည်။ တာလီဘန် အဖွဲ့​က ယင်း​သည် မိမိတို့​၏ လက်ချက်ဖြစ်​ကြောင်း​ ​ ကြေညာထား​သည်။

မျက်မြင်သက်​သေ အချို့​တို့​က ဗုံး​သမား​သည် အနီး​ရှိ အာဖဂန် ​ထောက်လှမ်း​ရေး​ အရာရှိများ​ကို ရည်ရွယ်​ဖောက်ခွဲခဲ့​ဟန်ရှိပြီး​ ​သေဆုံး​သူ အ​ရေအတွက်သည် တရား​ဝင် ​ကြေညာချက်များ​ထက် ပိုများ​နိုင်​ကြောင်း​ ​ပြောကြား​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here